Contest

The Most Popular Photo Contest

အားလုံးပဲ မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သလိုက်ပါတယ်။ ကျွန်တော်တို့  #Creatigon မှ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မိတ်ဆွေ ညီအစ်ကိုမောင်နှမများအတွက် ပျော်စရာ Photo Contest လေးတစ်ခုလုပ်ဖို့  တိုင်ပင်ခဲ့ ကြပါတယ်။ နောက်ဆုံးထွက်လာတဲ့

အဖြေကတော့ မိတ်ဆွေ ညီအစ်ကိုမောင်နှမများအနေဖြင့် ပျော်စရာလည်းဖြစ် အပိုဆုကြေးငွေလည်း ရစေချင်တာကြောင့် ဆုကြေးငွေ ချီးမြှင့်ရန်လည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ Facebook ဆိုတဲ့ Social Network ကြီးပေါ်မှာ အပျင်းလည်းဖြေ ဗဟုသုတလည်းရ ဆိုသလို

အသုံးပြုနေကြတဲ့ မိတ်ဆွေ ညီအစ်ကိုမောင်နှမများ ပျင်းလို့ သုံးရာကနေ ပျင်းလာမှာစိုးတာကြောင့် အပျင်းလည်းပြေ အပိုဆုကြေးလေးလည်းရ မိတ်ဆွေအပေါင်းသင်းများလည်း ပိုမိုရရှိလာစေရန် ရည်ရွယ်ပြီး စီစဉ်ခဲ့ခြင်းဖြစ်ပါတယ်။
ပြိုင်ပွဲလေးရဲ့ ခေါင်းစဉ်ကိုတော့ #The_Most_Popular_Photo_Contest လို့အမည်ပေးထားပါတယ်။ မည်သည့်ဓါတ်ပုံကိုမဆို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိတာကြောင့်

Rules အနည်းငယ်ကိုတော့လိုက်နာပေးရန်တောင်းဆိုအပ်ပါတယ်။

0x01-နိုင်ငံရေး လှုံ့ ဆော်သည့်/သက်ဆိုင်သည့် Photo များ (လုံးဝ) လက်မခံပါ။

0x02-ဘာသာရေး ပုတ်ခတ်သည့်/troll လုပ်သည့် Photo များ (လုံးဝ) လက်မခံပါ။

0x03-ညစ်ညမ်း sex နှင့်ဆိုင်သော၊ အများပြည်သူညီအစ်ကိုမောင်နှမ အတူတကွကြည့်ရှုရန်မသင့်တော်သော Photo များ (လုံးဝ) လက်မခံပါ။

0x04-တစ်စုံတစ်ဦး အဖွဲ့ အစည်းတစ်ခု ကို ရည်ရွယ်ချက်ရှိရှိဖြင့် ထိခိုက်စေသည့် ၊Troll လုပ်သည့် Photo များ (လုံးဝ) လက်မခံပါ။

ကျွန်တော်တို့ အနေနဲ့  ပြိုင်ပွဲဝင်ဦးရေ ကို ၅၀ ထိသတ်မှတ်ထားပါတယ်။ ဒါ့ကြောင့်အမြန်ဆုံးလာရောက် ယှဉ်ပြိုင်ဖို့ တော့ လိုအပ်ပါလိမ့်မည်။ ပြိုင်ပွဲဝင်တစ်ဦးလျှင်
ဓါတ်ပုံတစ်ပုံသာသတ်မှတ်ထားပါတယ်။ #The_Most_Popular_Photo_Contest ဆိုတဲ့ ခေါင်းစဉ်နဲ့ အညီ ပြိုင်ပွဲဝင် Photo တွေရဲ့  ဘယ်လောက် popular ဖြစ်လဲ ၊ လူအများစိတ်ဝင်စိတ်ဝင်စားမှုဘယ်လောက်ရရှိလဲ အပေါ်မူတည်ပြီး ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။

ကျနော်တို့ အနေနဲ့  Facebook မှာ Like အများဆုံး Photo ဟာ Popular အဖြစ်ဆုံးလို့  သတ်မှတ်ထားပါတယ်။ မည်သည့်နည်းလမ်းနှင့်မဆို မိမိ Photo ကို Like များစေရန် ကြိုးစားပိုင်ခွင့်ရှိပါတယ်။ ပြိုင်ပွဲကာလာကို ၁ လတိတိသတ်မှတ်ထားပါတယ်။

1/February/2015 မှ 28/February/2015 ထိသတ်မှတ်ထားပါတယ်။ 1/February/2015 မှစ၍ Photo များကိုစတင်ကြေညာပေးသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်များအနေဖြင့် ယခု Post တင်သည့်အချိန်မှစ၍ ပေးပို့ နိုင်ပါပြီ။

ပြိုင်ပွဲဝင် ၅၀ ထက်ကျော်လွန်သွားချိန်မှ ရောက်ရှိလာသော ဓါတ်ပုံများကိုထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ လှုပ်ရှားမှမုန့် စားရမယ်နော်။ နောက်ကျရင်တော့ အပေါက်ဝက လှည့်ပြန်သွားရမယ်နော် ။

Good Luck!
#Creatigon

http://www.creatigon.com
Facebook:
https://www.facebook.com/creatigon

Previous Post Next Post

You Might Also Like

No Comments

Leave a Reply