Social Engineering

Siblings of Social Engineering

Social Engineering ဆိုတာဘာလဲ ? သူရဲ့ ညီအစ်ကိုမောင်နှမတွေက ဘယ်သူတွေများလဲပေါ့။ Social Engineering ဆိုတာကတော့ Information Security ရဲ့  အခြေနေတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့   Wiki မှာဖတ်ရင်တွေ့ရပါလိမ့်မယ်။ ဟုတ်ပါတယ် သူ့ကိုအလွယ်တော့ SE လို့ခေါ်ကြတယ်ဗျ။ SE ဟာ တကယ်တော့ Psychological Manipulation ဖြစ်ပါတယ်။ လွယ်လွယ်ထပ်ပြောရမယ်ဆိုရင်တော့ လူတစ်ယောက်ရဲ့ယုံကြည်မှုကိုမရရအောင်တည်ဆောက်ပြီး အဲဒီယုံကြည်မှုကိုအလွဲသုံးစားလုပ်တယ်ဆိုပါတော့ဗျာ။ နည်းပညာ မသုံးပဲ Hack လုပ်တာဖြစ်တဲ့အတွက် တချို့က Low tech hacking လို့တောင် တင်စားခေါ်ဝေါ်သမုတ်ကြတယ်။ သို့ ပေမယ့် အင်မတန်ရက်စက်တဲ့ နည်းလမ်းပါ။ ဘာကြောင့်လဲဆို သူ့ကိုကာကွယ်ဖို့  Firewall မရှိဘူး၊ Bandwidth မျှခံပေးလို့ လည်းမရဘူး၊Patch လည်းမထွက်ဘူး ၊ လူတစ်ယောက်ရဲ့ ယုံကြည်မှု  မိုက်မဲမှုကို အသုံးချပြီး တိုက်ခိုက်တာမျိုးဖြစ်တဲ့အတွက် အင်မတန်မှကြောက်စရာကောင်းပါတယ်။ ဒါကြောင့် လူသုံးများတဲ့နည်းလမ်းလေးတွေ ဖြစ်လေ့ဖြစ်ထရှိတာလေးတွေကို အခုဆွေးနွေးသွားကြတာပေါ့။

1.Shoulder Surfing

2

လွယ်လွယ်ပြောရရင်တော့ ပုခုံးပေါ်ကျော်ကြည့်ခြင်းပေါ့။ ဒါပေမယ့်တစ်ကယ်တမ်းကျ ပုခုံးပေါ်တင်မကပါဘူး။ တချို့ ဆိုမှန်ဘီလူးနဲ့ပါချောင်းကြည့်ပါတယ်။ ဘာတွေကိုချောင်းကြည့်တာလဲဆိုရင်တော့ Information ကိုပါ။ အရမ်းကိုအရေးကြီးလှတဲ့ ကျွန်တော်တို့  မိတ်ဆွေတို့ရဲ့  Information ကိုကြည့်တာဗျ။ ဥပမာ PIN ,Password,Pattern Lock စတာတွေကိုပေါ့။ မိတ်ဆွေလျှော့တော့မတွက်ပါနဲ့  တစ်လုံးစ နှစ်လုံးစမြင်လိုက်ရရင်တောင် ကျန်တာတွေကိုဆက်ခန့်မှန်းသေးတာဗျား။

2.Tailgating

3

ဒီနည်းကတော့ ၀င်လို့မရတဲ့နေရာ လုံခြုံရေးအထူးကျပ်မတ်ထားတဲ့နေရာကို ၀င်လို့ရတဲ့သူနဲ့ရောပြီးလိုက်ဝင်တာပါ။ အပြင်ပိုင်းမှာသာလုံခြုံရေးကောင်းမွန်တဲ့နေရာတစ်ခုဆိုရင် သူအထဲရောက်သွားပြီဆိုရင်တော့ အေးဆေးပေါ့ ဟုတ်ဘူးလား။

3.Impersonation

ဒါကတော့ တော်တော်ဆရာကျတဲ့သူတွေလုပ်တဲ့နည်းလမ်းပေါ့ဗျာ။ ရုပ်ပြောင်းရုပ်လွှဲလုပ်တယ်ဆိုပါတော့။ သူများ ID Card ခိုးပြီးအယောင်ဆောင် ၀င်တာမျိုးပေါ့။ သူ့ကို လူတစ်ဦးတစ်ယောက်နဲ့မှားနေပြီဆိုမှတော့ သူလုပ်ချင်တာလုပ် သိပ်သတိမထားမိလောက်တော့ဘူးပေါ့။

4.Dumpster Diving

5

အမှိုက်ပုံး သို့ မဟုတ် စွန့်ပစ်ထားတဲ့ အရာတွေကနေ Information ပြန်ရှာတာပါ။ စာရွက်တစ်ခုမှာ တစ်နေရာလောက်ဘဲမှားနေပြီး ကျန်တဲ့အရာတွေ မှားနေလို့စွန့်ပစ်ထားတယ်ဆိုရင်တော့ ကျန်တဲ့ Information တွေကိုရလိုက်ပြီပေါ့။

5.Pretexting

6

ကြိုတင်အချိန်ယူပြီး လိမ်လည်ထားရတဲ့ စာလေးတစ်စောင် Email လေးတစ်စောင်ပေါ့။အထဲမှာ Facebook ကဘဲပို့ သလိုလို paypal ကဘဲပို့ သလိုလို၊  အဲဒါကို မှင်ကောင်းကောင်းနဲ့ Victim ဆွဲမက်စရာလေးလုပ်ပြီး ပို့ လိုက်တယ်ဆိုပါတော့။ ယုံလိုက်လို့ ကတော့ ငါးပါးမှောက်တာပေါ့။

6.Baiting

7

ဒီနည်းကတော့ ကျွန်တော်လိုလူတွေအတွက်ကောင်းမှကောင်းနည်းလမ်းတစ်ခုပေါ့။ နည်းနည်းတော့အကုန်ကျများတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့ Malicious Software ကို Hard Disk ,USB Stick,CD စတဲ့ထဲကိုထည့်ပြီး ကျွန်တော်တို့ကိုစိတ်ဝင်စားအောင်လုပ်မယ်။ “ဟိဟိ ဒီထဲမှာမနေ့က ငါ download ဆွဲထားတဲ့ဟိုဟာလေးတွေပါတယ်ပေါ့” မကြားတကြားလေးပြောသွားတယ်။ ဒီထဲကကျွန်တော်တို့  စိတ်ဝင်စားနေပြီ။ ငနဲသားကထွက်သွားတော့ ကျန်ခဲ့တယ်ဗျာ ။ ကျွန်တော်ပျော်သွားပြီလေ။ အိမ်ရောက်တော့အားရ၀မ်းသာနဲ့ဖွင့်ကြည့် ။

တကယ်တော့ဒီနည်းတွေတင်မကပါဘူး အသုံးများတဲ့နည်းလမ်းလေးတွေ စုပြီးဆွေးနွေးလိုက်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ လိုတာလေးရှိရင်လည်း အောက်က Comment Box မှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။

http://www.creatigon.com

https://www.facebook.com/creatigon

Author : Mg Myo Aung

Refrence : Google

Previous Post Next Post

No Comments

Leave a Reply