Wireless Security

Security Knowledge for Wireless Attack

အားလုံး မင်္ဂလာပါလို့ ဦးစွာပြောချင်ပါတယ်။ Wireless Hacking လို့ ပြောလိုက်ရင် လူတိုင်းအားလုံးနီးပါးရင်းနှီး ပြီးသားဖြစ်ပါတယ်။တော်တော်များများ လည်း Wireless ကို Hack လုပ်ဖူးကြမှာပါ။သူကပျော်ဖို့ ကောင်းတယ်လေ။ ယခု စာဖတ်သူကိုယ်တိုင်လည်း လုပ်ဖူးပြီးသားဖြစ်ချင်ဖြစ်နေမှာပါ။သို့သော် ကျွန်တော် တို့ အနေနဲ့ ကတော့ မသိတဲ့သူတွေ ကို သိအောင်လုပ်ဖို့ သိပြီးသားသူတွေကိုလည်း မသိတာလေးများရှိနေရင် ပိုသိသွားရအောင် ပြောပြ ပေးဖို့ ကအဓိကပါ။

တချို့  က Wireless Hacking ဆိုတာကြီးကို ဘာမှန်းမသိ လိုက်လုပ်ကြတာရှိသလို တချို့ကတော့လည်း သေသေချာချာ Theory ကို လေ့လာပြီး ပိုင်နိုင်မှ လက်တွေ့စမ်းချင်တဲ့သူတွေ လည်း ရှိကြပါတယ်။ ကျွန်တော်တို့ ပြောချင်တာက Wireless Knowledge အနည်းငယ်နဲ့ Wireless Attack နဲ့ ကာကွယ်ပုံလေး ကို အဓိကထားပြီးပြောသွားမှာပါ။

Wireless Attack စလုပ်ပြီဆိုရင် Onboard Wireless Card ပဲဖြစ်ဖြစ် External Wireless Adapter ပဲဖြစ်ဖြစ် တစ်ခုခုသုံးရမှာမဟုတ်လား။ များသောအားဖြင့် External adapter ကိုသုံးလေ့ရှိကြတယ်။
Onboard Wireless Card ကိုလည်း သုံးလေ့ရှိကြတယ်။ Wireless Attack မှာ အများသိကြတဲ့ Dictionary Attack နဲ့ Pins Attack ရယ်ဆိုပြီးရှိကြတယ်။ တခြား များစွာသော Wireless Attack ပေါင်းများ စွာရှိကြပါသေးတယ်။Downgrade WPA to WEP, Rouge Access Point, Wireless Jamming စသည့် စသည့် လေ့လာလေ ခက်ခဲလေဆိုသည့်အတိုင်း Attack ပေါင်းများစွာရှိပါတယ်။

Dictionary Attack ဆိုတာကတော့ Client ကနေ AP ကို လှမ်းပြီး Connect လုပ်ကြတယ်. အဲ့ဒီ Connect လုပ်တဲ့ အချိန်ကို Attacker က ကြားကစောင့်ဖမ်းနေတဲ့ Attack မျိုးပါ။ Client က Password ကို ရိုက်ထည့်ပြီး AP ကို Connect လုပ်လိုက်တာ လေထဲမှာ Plain text နဲ့ သွားတာမဟုတ်ပါဘူး Encrypt လုပ်ပြီးသွားတာကြောင့် Attacker က ဖမ်းလိုက်တဲ့ Capture file က password ကို encrypt လုပ်ထားတာမို့ Attacker က Wordlist ဆိုတဲ့ အရာနဲ့ ပြန်ပြီး crack လုပ်ရတာပါ။ အဲ့ဒီ Attack တွေကို Defense လုပ်ချင်တယ်ဆိုရင်တော့ သိပ်အများကြီးမခက်ခဲပါဘူး။ Password ပေးရင် Wordlist မှာမပါနိုင်တဲ့ Word မျိုးတွေပေးလို့ရပါတယ်။ ဥပမာ – ***ChitDotChitDalMaSoeNae*** ကျွန်တော်ရေးထားတာ “ချစ်တော့ချစ်တယ်မဆိုးနဲ့” အဲ့ဒါမျိုးဆိုရင် Wordlist မှာ ပါနိုင်ဖွယ်ရာမရှိပါ။ နောက်တစ်ခုအနေနဲ့က မြန်မာFont ကိုလည်းအသုံးပြုနိုင်ပါသေးတယ်။

Pins Attack ဆိုတာက တော့ AP တွေ Router တွေကို default ပဲဖြစ်ဖြစ်. Password နဲ့ မချိတ်တဲ့ အချိန်အခါမျိုးမှာ Router or AP မှာပါတဲ့ Physical ပေါ့ Hardware မှာ Number ပါပါတယ်။
အဲ့ဒီ Number နဲ့ တိုက်ရိုက် ချိတ်ရတဲ့ Technology တစ်မျိုးပါ။ စပြီးထုပ် လိုက်တဲ့အချိန် မှာတော့ Security ပိုကောင်းအောင် အဆင်ပြေအောင် ထုပ်လိုက်တာပါပဲ။
သို့သော် နောက်ပိုင်းမှာ အဲ့ဒီ နေရာကနေ Vulnerability ဖြစ်သွားတော့တယ်။
Pins Attack ကတော့ အဲ့ဒီ Pin Numbers တွေကို brute force တိုက်တဲ့ Attack တစ်မျိုးပါ။Pins Attack ကို Defense လုပ်ချင်တယ်ဆိုရင် ခက်ခဲ့လှတဲ့ အရာတစ်ခုမဟုတ်လှပါဘူး။ Router Setting မှာပါတဲ့ QSS function ကို ပိတ်ထားလိုက်ရုံပါပဲ။ အသုံးပြုသည့် Device ကွဲလွဲသလို QSS ပိတ်တဲ့နေရာ ကွဲလွဲနိုင်ပါသည်။

 

Author : Myo Aung

https://www.facebook.com/creatigon

Previous Post Next Post

No Comments

Leave a Reply