Web Security

How to become a web hacker?

Hacker ဆိုတဲ့ အသုံးနှုန်းက ကျယ်ပြန့်လှပါတယ်။ အဓိပါယ်ဖွင့်ဆိုခြင်းတွေ အများကြီးရှိပေမယ် ကျွန်တော်က web hacker ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီးရေးထားပါတယ်။ ကျွန်တော်က Hacker တစ်ယောက်မဟုတ်ပေမယ့် လမ်းကြောင်းလွဲနေတဲ့ လူငယ်တော်တော်များများကို ဘယ်လိုလမ်းလျောက်ရမယ်ဆိုတာ လမ်းပြပေးနိုင်မယ်လို့ရည်ရွယ်ပြီး ရေးသားလိုက်တာပါ။

Website တစ်ခုကို deface လုပ်ဖိုဆိုတာ တစ်ကယ်တော့နည်းလမ်းသိရင်မခက်ပါဘူး။ အဆင်ပြေတဲ့ အင်တာနက်နဲ့ အချိန်ခဏပဲ့လိုပါတယ်။ တစ်ကယ် Professional ကျတာကတော့ Target တစ်ခုကိုသတ်မှတ်ပြီး Hack လုပ်တာပါပဲ့။ ဒီအကြောင်းကိုတော့နောက်မှရှင်းပါမယ်။


website hack ဖို့ အဓိကလိုအပ်တာက

-0x01- Google Dork
-0x02- Understanding about the Shell
-0x03- Understand about the Tools and Script
-0x04- SQL Injection Knowledge
-0x05- Exploit
-0x06- Thinking or Brain

 

google search

0x01 – Google ကိုလူတိုင်းအသုံးပြုပါတယ်။ ဒါပေမယ့် အသုံးချတတ်တဲ့လူကတော့ရှားတယ်။ လိုချင်တဲ့ information ကိုမြန်မြန်ဆန်ဆန်ရဖိုဆိုတာ Google မှာ Dork တွေသုံးပြီးရှာလို့ရပါတယ်။ Google Dork အကြောင်းကိုလည်းနောက်ပိုင်းရေးပေးမှာပါ။ Dork ဆိုတာလည်း အသုံးပြုမယ့် ရည်ရွယ်ချက်ကိုလိုက်ပြီး ပြောင်းလဲရပါတယ်။ ကျွန်တော်က USD $1000 လောက် Google dork သုံးပြီးရဖူးတယ်။ ဒါကြောင့် web hacker ဖြစ်ချင်တယ်ဆိုရင် Use Google ကိုသုံးပါ။ နောက်ပြီး ကျွမ်းကျင်ပါစေ။

web shell

0x02 – Shell နဲ့ပတ်သက်ပြီး သာမန်လူတွေအနေနဲ့ စိမ်းရင် စိမ်းနေလိမ့်မယ်။ ဒါပေမယ့် web hacking လုပ်မယ်ဆိုရင်တော့ Shell နာမည်တွေနဲ့ ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ Concept ကိုတော့တော်တော်များများသိထားမှရပါမယ်။ ဒါကြောင့် Shell တွေရဲ့ နာမည်တွေကိုမှတ်ထားပြီး သူတို့ရဲ့ အလုပ်လုပ်ပုံတွေကို Localhost မှာစမ်းသပ်ကြပါ။ Shell နာမည်နဲ့ Google Dork ကိုအသုံးချခြင်းဖြင့် အကျိုးရှိပါစေ။

tools

0x03 – Tools and Script ဆိုတာက Tools တွေကို Programming နားမလည်တဲ့သူတွေက သုံးဖို့သင့်တော်ပြီး Tools တွေနားလည်မှသာ Script တွေသုံးဖို့အဆင်ပြေမှာပါ။ Tools တွေက နားလည်ရလွယ်ကူပြီး Script တွေက Coding နားလည်ရင်အသုံးပြုလို့ကောင်းပါတယ်။
လေ့လာသင့်တဲ့ Tools တွေကတော့ Exploit Scanner, SQL VUl finder, SQL Dumper, Havij , Acunetix Scanner, Burp နဲ့အခြားကောင်းတဲ့ Tools တွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ရေးထားတဲ့ Tools တွေကိုအရင်လေ့လာပါ။
လေ့လာသင့်တဲ့ Script Tools တွေကတော့ SQL map နဲ့ အခြားသော perl, python, ruby, php ,c စတဲ့ Programming နဲ့ရေးထားတာတွေကိုဆက်ပြီးလေ့လာပါ။ ကျွန်တော်ကတော့ perl နဲ့ ရေးထားတဲ့ Script တွေကိုပိုကြိုက်မိပါတယ်။
Note: Tools and Script တွေကို internet လိုင်းမကောင်းပဲ့ မသုံးပါနဲ့။

sql injection

0x04 – အခုချိန်ထိ website တော်တော်များများမှာ SQL vulnerable ဖြစ်နေတုန်းပါ။ ဒါကြောင့် SQL Injection ကိုလေ့လာပါ။ Manual ကိုကျွမ်းကျင်တဲ့အထိလေ့လာပါ။လေ့လာဖို့အတွက် Resource အများကြီးနဲ့ ကျွမ်းကျင်တဲ့သူတွေရှိပါတယ်။လုပ်ကြည့်ပါ မရှင်းတာရှိရင်မေးမြန်းပါ။အဖြကိုလေ့လာပါ။

exploit

0x05 – အမြဲတမ်းလိုလိုအသစ်သစ်သော Exploit တွေက နေ့တိုင်းထွက်နေပါတယ်။ ဒါကြောင့် Exploit တွေကို ဘယ်လိုသုံးရလဲဆိုတာလေ့လာပါ။ နောက်ပြီး latest exploit တွေကို စမ်းသပ်ပါ။

A typical brain with the left side depicting an analytical, structured and logical mind, and the right side depicting a scattere

0x06- Thinking ကတော့ web process ကဘယ်လိုအလုပ်လုပ်လဲဆိုတာအရင်လေ့လာပြီး process ကို break or bypass လုပ်ဖို့တွေးတတ်ဖို့ပါ။

Thanks for Reading.
Author – Creatigon
www.creatigon.com
www.facebook.com/creatigon

Previous Post Next Post

You Might Also Like

No Comments

Leave a Reply