Linux

What Distro do you want to choose?

မှန်ကန်တဲ့ Distro တစ်ခုကိုရွေးချယ်ဖို့ဆိုတာ တစ်ကယ်တော့လွယ်မလိုနဲ့ခက်ခဲတဲ့အရာပါပဲ့။ ကျွန်တော်တို့နေစဉ်သုံးနေတဲ့ Operating System ကရော ဘာအတွက်ကြောင့်သုံးနေရလဲဆိုတာ တစ်ခါတစ်လေစဉ်းစားကြည့်မိတယ် လူတစ်ချို့က Linux ဆိုတဲ့ OS ကိုသုံးပြီး ကျန်တစ်ချို့ကတော့ Window ဆိုတဲ့ Operating System ကိုသုံးကြတယ်

စဉ်းစားမိတဲ့အချက်နှစ်ခုကိုရေးလိုက်တော့
1. သူများသုံးလို့ကိုယ်လိုက်သုံးတာလား
2. တစ်ကယ်ပဲ့ ကိုယ်သုံးတဲ့ Operating System နဲ့ပတ်သက်ပြီး နားလည်လို့လား

အရင်ကတော့ ကျွန်တော်က No.1 အမျိုးအစားထဲကပါပဲ့ ကျွန်တော်တစ်ကယ်နားမလည်တာပါ Computer ဆိုတာ Window ဆိုတဲ့ Operating System နဲ့တွဲသုံးရပါလားပေါ့ အဲလိုပဲ့ထင်ခဲပါတယ် Window မှာပါတဲ့ Command Line ကိုတော့ Unix ဆိုတာလည်းနောက်မှသိခဲ့ရပါတယ်
ဒါကြောင့် ဒီနေ့ Operating System နဲ့ပတ်သက်ပြီးလူတွေရဲ့ရွှေးချယ်မှုတွေက မှန်ကန်ရဲ့လားဆိုတာကျွန်တော်သံသယဖြစ်မိပါတယ် . လူတွေကိုလည်းကျွန်တော်အမျိုးအစားခွဲပြီး စဉ်းစားကြည့်ပါတယ်

1.Normal Person
2.IT Knowledge Person
3.Programmers
4.Hackers

No.1 လူတွေကတော့ ရိုးရိုး Computer သုံးပြီးအလုပ်လုပ်တဲ့သူတွေပေါ့ . ဥပမာ Email သုံးတဲ့သူတွေ webiste တွေဟိုကြည့်ဒီကြည့် နောက်ပြီး facebook သုံးတဲ့သူ Gtalk သုံးတဲ့သူတွေပေါ့
Phone နဲ့သုံးတဲ့သူတွေကိုတော့ OS အကြောင်းကျွန်တော်မပြောတော့ပါဘူး
No.2 ကတော့ အိုင်တီနဲ့ပတ်သက်ပြီးနားလည်သဘောပေါက်တဲ့သူတွေပါ
No.3 နဲ့ No.4 ကတော့သိပြီးသားလို့ထင်ပါတယ် မသိရင်လည်း သူတို့နဲ့ခပ်ဝေးဝေးသာနေလိုက်ပါ ခင်ဗျားရုးချင်သွားလိမ့်မယ် မပတ်သက်တာပဲ့ကောင်းတယ်

Operating System နဲ့ပတ်သက်ပြီးအပေါ်မှာကျွန်တော် ဘာကြောင့်သုံးရလဲဆိုတဲ့အချက်နဲ့ဘယ်သူတွေကသုံးကြလဲဆိုတာကိုအောက်မှာဆက်ပြီးဆွေးနွေးပါမယ် ကျွန်တော်ရေးလို့ကျွန်တော်အမြင်ဖြစ်ပေမယ့် ခင်ဗျားတို့ရဲ့ကောင်းမွန်တဲ့အတွေ့အကြုံနဲ့ ရထားတဲ့စိတ်ကူးတွေကို ကျွန်တော်ကိုလည်းပြန်ပြောပြဖို့မမေ့ပါနဲ့လို့ ပြောလိုပါတယ်
တစ်ခါတစ်လေ လမ်းပျောက်နေတဲ့သူကို ဓူဝံကြယ်လိုညွန်ပြသလိုပေါ့ ခင်ဗျားရဲ့ Comments ကိုကျွန်တော်က ကြိုဆိုပြီးသားပါ အိုကေ လေပေါနေတာကြာသွားပြီ စလိုက်ရအောင်

Distro တစ်ခုကိုရွေးချယ်တဲ့အမြင်တွေကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး ခင်ဗျားကြို့က်နေတဲ့ကောင်မလေးကို ကျွန်တော်သဘောမကျသလိုပါပဲ့ ဒါဆိုရင်ဘာကြောင့်ရွေးချယ်ကြလဲဆိုတာကော စဉ်းစားမိရဲ့လား Distro တစ်ခုရဲ့ package-manager , stability , desktop-environment , security , up to date easy တို့ဖြစ်နေတဲ့အပေါ်ကိုကြည့်ပြီးရွေးချယ်ကြတာပါပဲ့  ဒါနဲ့ ကျွန်တော်ပြောနေတဲ့ Distro ဆိုတာရောနားလည်ရဲ့လား တစ်ကယ်တော့ ကျွန်တော်တို့ဟာ မေးခွန်းပေါင်းများစွာနဲ့ရှင်သန်နေကြသူတွေပါ ဒါကြောင့် Distro ဆိုတာ Distribution ရဲ့အတိုကောက်လို့ပြောတာပဲ့လို့ကျွန်တော်သိပါတယ်  အရင်ကသူများတွေက Hey, What distro do you use? တဲ့ ဟီး ဘာမှန်းလဲမသိပါဘူး ကျွန်တော်သိတာ Window ပဲ့သိတာ .နောက်ပိုင်း Distro ဆိုတာ Linux ရဲ့ Distribution ကိုပြောတာလားဆိုတာပေါ့
ကဲ့ဒါဆိုရင် လာပြန်ပြီ Linux Distribution ဆိုတာကရောဘာလဲ?

Linux Distribution ဆိုတာ တစ်ကယ်တော့ Window လိုမျိုး Operating System တစ်ခုပါပဲ့  ဒါပေမယ့် သူက Linux Kernal ပေါ်မှာတည်ဆောက်ထားတာလေ။ Window ပြောလိုက်လို့မရောပစ်လိုက်ပါနဲ့ Window နဲ့ဆီနဲရေကွာပါတယ် တောင်ကိုးရီးယားနဲ့မြောက်ကိုးရီးယားလိုပေါ့ တူသလိုလိုပါပဲ့ ဒါပေမယ့်မတူပါဘူး
ဒါကြောင့် အခုဖတ်နေတဲ့အချိန်မှာ ကျွန်တော်တို့ Microsoft ရဲ့ Window အစုတ်ပလုပ်ကိုမေ့ထားလိုက်ရအောင် ခဏနေဦး ကျွန်တော်အဲလိုပြောတာ အကြောင်းရှိတယ် မနေ့က Window တင်ထားတဲ့ ကျွန်တော့်စက်လေး Virus ဝင်သွားတာ biggrin အဲဒါ အဲဒါ Bill Gate သာ ဒီစကားကြားရင်ငါ့ကိုတရားစွဲမလားပဲ့ စိတ်မပူပါဘူး သူမြန်မာစာမှမတတ်တာ PC Computer တွေရဲ့ Hardware အခြေအနေကိုမူတည်ပြီး Linux Distribution ကိုရွေးချယ်ကြပါတယ် အမြင့်ဆုံး စွမ်းအားမြင့်တဲ့ super computer တွေမျိုးမှာတောင် Linux Distro ကိုကျယ်ကျယ်ပြန့်ပြန့် systemတွေ့မှာထည့်သွင်းအသုံးပြုလာတာကိုလည်းတွေ့ရှိရပါတယ်

Distro လို့သတ်မှတ်ထားတဲ့ Linux Distribution တစ်ခုဟာ Linux kernel, GNU tools, libraries, additional software, documentation, a window system, window manager, and a desktop environment တွေနဲ့ဖွဲ့စည်းထားတာပါပဲ့
Linux distro တစ်ခုဖြစ်ဖို့အောက်ကအမျိုးအစားအစိတ်ပိုင်းတွေလိုအပ်ပါတယ်

1.Package Manager
2.Community Support
3.Hardware Compatibility
4.Stability and Cutting Edge
5.Desktop Environment

1.Package Manager
Linux user အသစ်တစ်ယောက်ဆိုရင်တော့ Package Manager ကတော်တော်လေးကိုအရေးပါပါတယ်။ Package Manager ဆိုတာ User က Package အပေါ်မှာမူတည်ပြီး ဖန်တီးထားတဲ့ Program တစ်ခုကိုအလွယ်တစ်ကူ install သို့ uninstall လုပ်ဖို့ ခွင့်ပြုပေးတာပါပဲ့။
Package တွေအများကြီးကို Supporting မလုပ်တဲ့ အတွက်ကြောင့် Distro တွေကို အရမ်းကိုကွာခြားမှုဖြစ်စေခဲ့ပါတယ် APT ဆိုတာ Debian သုံးထားတဲ့ package manager တစ်ခုဖြစ်တယ် အဲဒီ APT က Packages အများကြီးကို supporting လုပ်ပေးပါတယ်
လူကြိုက်အများဆုံး OS ဖြစ်တဲ့ Ubuntu မှာ Linux Mint ပါဝင်တဲ့ APT ကိုအသုံးပြုထားပါတယ်။ Fedora နဲ့ Redhat ကတော့ “yum” ဆိုတဲ့ Package Manager ကိုသုံးထားကြပြီး Arch က “pacman” ဆိုတဲ့ packages ကိုအသုံးပြုထားပါတယ်။
Package Manager ကောင်းတစ်ခုမဖြစ်သေးဘူးဆိုရင်တော့ လူသစ်လေးတွေ လက်ရှောင်ဖို့အကြံပြုပါတယ်။ အထင်သေးလို့ပြောတာမဟုတ်ပါဘူး စေတနာနဲ့ပါဂျာ tongue

2.Community Support
တစ်ကယ်လို့သင်ရွေးထားတဲ့ distro နဲ့ပတ်သက်ပြီးပြသနာတက်ရင်ကောဘယ်လိုလုပ်မလဲ?
Google ခေါက်ပြီး Web ပေါ်မှာရှာမလား ဒါမဟုတ် Forum တွေမှာ တွေ့သမျှလူတိုင်းကို ကျွန်တော်မှာ အဲလိုကြီး Errors တက်နေတယ်လိုသွားမေးရင်တော့ နည်းနည်းလေးတော့အချိန်တွေဖြုန်းမိမှာပါပဲ့
ဒါကြောင့် အခုမှထွက်တဲ့ distro နဲ့ပတ်သက်ပြီး Tutorials တွေ Problem တွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ Community တွေကြီးကြီးမားမားမရှိသေးရင်တော့ ဒါကအရမ်းကိုစိတ်အနှောက်ယှက်ဖြစ်စေမှာပါပဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်းဘယ်လိုလုပ်ရမလဲမသိ မေးဖို့နေရာလည်းမရှိ အဲလိုခံစားချက်မျိုးရောဖြစ်ဘူးရဲ့လား biggrin
Ubuntu,Debian,Arch,Fedora, အဲလိုနာမည်ကြီး distro တွေလိုမျိုး Community ကြီးကြီးမားမားနဲ့ Tutorials တွေအများကြီးရှိနေတဲ့ internet ထဲမှာ သင်ကအဆင်သင့်လေး သင့်ရဲ့ပြသနာကို အလွယ်တကူဖြေရှင်းနိုင်မှာပါပဲ့ Community ကြီးလေ သင့်ပြသနာကိုဖြေရှင်းဖို့လွယ်ကူလေဆိုတာ မမေ့ပါနဲ့
ဒီတော့ Community Support ဆိုတာကလည်း ထည့်သွင်းစဉ်းစားသင့်တဲ့အရာတစ်ခုမဟုတ်ဘူးလား.

3.Hardware Compatibility
Hardware အသစ်ထွက်လာတိုင်းလည်း OS တွေကို Support မလုပ်ဘူးဆိုရင်အဆင်မပြေပါဘူးဒါကြောင့်လည်း ကိုယ်သုံးတဲ့ Distro က ကိုယ့်စက်ရဲ့ Hardware နဲ့ကိုက်ညီမှုကလည်းအရေးပါပါတယ် အမျိုးမျိုးသော Linux distro တွေမှာလည်း Drivers ရဲ့ installer တွေမတူညီကြပါဘူး
တစ်ခါဖြစ်ဘူးတယ် ကျွန်တော်စက်က Black Track5 တင်တော့ wireless မရဘူး ဒါနဲ့ Kali တင်လိုက်တာတစ်ခါတည်းအဆင်ပြေသွားတယ် အဲလိုပေါ့ဗျာ ဒါကြောင့် distro install လုပ်မယ်ဆိုရင် hardware နဲ့ကိုက်ညီမှုရှိမရှိ မိမိအသုံးပြုမယ် distro ရဲ့ Offical Page မှာတစ်ချက်လောက်သွားကြည့်သင့်ပါတယ် ဒါပေမယ့် တော်တော်များများကအဆင်ပြေပါတယ်

4.Stability and Cutting Edge
တစ်ကယ်လို့သင်ဟာ နောက်ဆုံးထွက် Latest ဆိုတဲ့ version ( Up to Date ) မှသာသုံးချင်တယ်ဆိုရင်တော့ Fedora based system ကိုပဲ့အသုံးပြုသင့်ပါတယ် ဒါပေမယ့် အဆင်ပြေရင်ပြီးရော အသုံးတည့်ရင်ပြီးရောဆိုရင်တော့ Debian based distro ကသာသင့်အတွက်အကောင်းဆုံးဖြစ်မှာပါ
ဒါနဲ့စကားမစပ် ကျွန်တော်လည်း Debain Base ပဲ့အားပေးတယ် ဟီး tongue

5.Desktop Environment
Desktop Environment ကလည်း System ရဲ့အဓိက လုပ်ဆောင်ချက်ကိုထိန်းပေးတဲ့အရေးကြီးအစိတ်အပိုင်းဆိုရင်လည်းမမှားပါဘူး။ အရေးကြီးတဲ့အခန်းတစ်ခုအနေနဲ့ပါဝင်ပါတယ်။ ဒါပေမယ့် သင်က မျက်စိပသာဒကျအောင် (သို့) လူအထင်ကြီးအောင်လုပ်ချင်တယ်ဆိုရင်တော့ tongue GNOME သို့ KDE သုံးလို့ရပါတယ်။ ဒီလိုအသုံးပြုတာကလည်း System resources တွေကိုအများကြီးဆုံးရှံးစေတယ်ဆိုတာနားလည်ထားရပါမယ်
သင့်စိတ်ကြိုက် Design ဆင်ပြီး အလှဖော်ပြီး ငါတော့ Debian လေးသုံးနေတယ်ဟေ့လို့ သူငယ်ချင်းကိုကြွားလို့ရပါတယ် သိပ်ပြီးအရေးတော့မကြီးပါဘူး

Distro ရဲ့ အဓိကပါဝင်တဲ့ အစိတ်ပိုင်း ငါးချက်ကိုဖော်ပြပြီးနောက်မှာတော့ Distro လေးတွေ အမြည်းကျွေးပါမယ် အရက်သောက်ရင်စားတဲ့ ကန်ဇွန်းပလိန်းတော့မဟုတ်ပါဘူး tongue Distro လေးတွေရဲ့အကြောင်းလေးတွေပါ

Debian = သူကတော့ Stable အကျဆုံး linux Distro တစ်ခုပါပဲ့ .Company တွေနဲ့ပတ်သက်မှုမရှိပဲ့ Community Project တစ်ခုဖြစ်ပါတယ် သူရဲ့ စေတနာကတော့ Stable ဖြစ်ပြီး bug လုံးဝမရှိတဲ့ OS လိုဆိုကြပါတယ် ကျွန်တော်သိသလောက်ဆိုရင် သူက Distro ဖခင်ကြီးပေါ့ဗျာ biggrin
Debain မှာအဆင်သုံးဆင့်ရှိတယ် အဲဒါက Stable နောက် Testing နဲ့ Unstable တို့ပါပဲ့ . Testing စမ်းသပ်မှုနဲ့ Version အသစ်ထွက်ဖို့တော်တော်ကြာတဲ့ Distro အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်

Ubuntu = တစ်ကယ်လို့သင်က Linux distro အများကြီးသုံးဖူးတယ်ဆိုရင်တော့ Ubuntu ကိုလည်းသုံးဖူးမှာပါ အခုချိန်ထိတော့ လူသုံးအများဆုံး distro တစ်ခုပါပဲ့ နောက်ပြီး Ubuntu ကလည်း Debain base ပါပဲ့။ Ubuntu Project ကို 2004 ခုနှစ်မှာစတင်ခဲ့တာပါ။ Canonical အမည်ရတဲ့ Company ကဒီ project ကိုစတင်ခဲ့တာပါ။ အဲဒီ Company ကနေပြီး Ubuntu Live CD တွေအလကားစပေးရင်းနဲ့ ဒီ distro ကလူသိများလာခဲ့ပါတယ်။
Ubuntu က Graphical Interface ကိုရည်ရွယ်ပြီးထုတ်ထားပါတယ်။ သူကိုသုံးမယ်ဆိုရင် command line တောင်သိပ်သုံးစရာတောင်မလိုပါဘူး။

Arch Linux = Arch Linux ကတော့ OS ကို အများကြီး customize လုပ်ထားပါတယ်။ သူမှာ “pacman” လို့ခေါ်တဲ့ ကိုယ်ပိုင် Package Manager ရှိပါတယ်။ Arch ကို install လုပ်တဲ့အခါ desktop-environment, drivers, basic applications, စသည်တို့ကို ရဖို့အတွက် command line ကိုသာအသုံးပြုပြီး install လုပ်လို့ရပါတယ် ဟီး biggrin ဆရာကြီးပဲ့နော်
ကိုယ်ပိုင် Distro တစ်ခုလုပ်ပြီး စမ်းသပ်ချင်တယ်ဆိုရင်တော့ ဒါကတော့ သင့်ကို စိတ်ကျေနပ်စေမှာပါ။

Red Hat = Red Hat ဆိုတာကတော့ billion dollar Linux company တစ်ခုဖြစ်ပါတယ်။သူတို့ Customer တွေအတွက် အကောင်းဆုံးလုပ်ဆောင်ပေးပါတယ်။နောက်ပြီး Linux specialist တွေ ရာနဲ့ချီပြီး ရှိပါတယ်။ သူတို့တွေက Linux တည်ဆောက်ရေးအတွက်အရမ်းကိုအားသွန်ခွန်စိုက်ကြိုးပမ်းကြပါတယ်။ Linux distro နှစ်ခုကိုလည်းသူတိုလက်ထဲမှာပါပဲ့ အဲဒါက Red Hat Enterprise နဲ့ Fedora ပေါ့။
ဒီ နှစ်ခုစလုံးကို အလကားပေးတာပါ။ Fedora ဆိုတာ OS ကို Supporting လုပ်ပေးတဲ့ Community တစ်ခုပါ။ Fedora ကနောက်ဆုံးပေါ်နည်းပညာအသစ်တွေကို အဲဒီ distro ထဲကိုထည့်သွင်းပေးပါတယ်။နောက်ပြီး “yum” လို့ခေါ်တဲ့ကိုယ်ပိုင် Package Manager လည်းရှိပါသေးတယ်။ “.rpm” ဆိုတဲ့ Binaries နဲ့ Compile လုပ်ပါတယ်။
Fedora ကနောက်ဆုံးပေါ်နည်းပညာတွေကိုအာရုံစိုက်ပြီး Red Hat Enterprise ကတော့ Stability ဖြစ်ဖို့အာရုံစိုက်ကြပါတယ်။

အပေါ်မှာရေးထားတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး ဝေဖန်အကြံပြူချက်များကိုလည်း ကြိုဆိုလျက်ပါပဲ့..

Ref : GAP Cyber Securities

Previous Post Next Post

You Might Also Like

No Comments

Leave a Reply