Lab, Web Security

Vulnerable Applications to practice Hacking

Hacking ကိုစတင်ပြီးလေ့လာနေတဲ့ ညီအစ်ကိုတွေအနေနဲ့ Real World မှာစမ်းသပ်ဖို့ဟာ တစ်ခါတစ်ရံမှာ အခက်ခဲလေးတွေရှိတတ်ပါတယ်။ ဘယ်လိုအခက်ခဲတွေလည်းဆိုရင်တော့ Senior အစ်ကိုကြီးတွေဆီမှာ Vulnerable Website ကိုတောင်းမရဘူးဆိုတဲ့ပြသနာမျိုးလေးတွေပေါ့။ ကိုယ့်ဆီမှာကလည်း Tutorial ကရှိတော့ဖတ်ပြီးသွားပြီ။ နောက်ဆုံးရမယ့်ရလဒ်က ကိုယ့်အတွက်စိတ်ကျေနပ်စရာဆိုတော့ သိပ်စမ်းကြည့်ချင်နေပြီလေ။ ဒီလိုအချိန်မှာ တချို့က Senior အစ်ကိုကြီးတွေကို အပစ်တင်ချင်ကြတယ်။ ဒါပေမယ့် တချို့ကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့နည်းလမ်းထပ်ရှာကြတယ်။ Web Security ပိုင်းဆိုရင်တောင် Real World ထွက်စမ်းဖို့အဆင်ပြေနိုင်သေးပေမယ့် Network Security မှာကျပိုပြီး ခက်ခဲသွားစေပါပြီ။ ဒီတော့ ဘာဆက်လုပ်ကြမလဲ

Virtual Machines

1.VirtualBox  Free ၊ လူသုံးများတယ်။ Oracle က develpment လုပ်တာဖြစ်ပေမယ့် Update တော့ထပ်မထွက်တော့ပါဘူး။

virtualbox

2.VMware  လက်ရှိနောက်ဆုံးထွက် Version အတွက် Registration Key £180 ရှိပါတယ်။ Free version လည်းရှိပါတယ်။ VirtualBox လိုဘဲသုံးလို့ကောင်းပါတယ်။ ခုနောက်ပိုင်း VMware ကလည်း လူသုံးများလာပါပြီ။

vmw-scrnsht-playerpro-virtualization-business-tn

3.Hyper-V ကတော့ Microsoft ကထုတ်ထားတဲ့ Virtual Machine တစ်ခုဖြစ်ပါတယ်။

Microsoft-Hyper-V-Server-2012-install

Virtual Machine တစ်ခုခုကိုရွေးချယ်ပြီး မတူညီတဲ့ OS တွေကို Local မှာ Run ပြီး ညီအစ်ကိုတို့ဖတ်ထားတဲ့ စာတွေကိုပြန်စမ်းလို့ရပါပြီ။

Operation Systems

1.KALI Linux ကတော့ Penetration Testing အတွက်အကောင်းဆုံးလို့လူသိများပါတယ်။ ဒီ OS ထဲမှာ နာမည်ကြီး Hacking Tool တွေဖြစ်တဲ့ Metasploit,BurpSuite,nmap,Nesus စတာတွေအပြင်အခြား Hacking Tool တော်တော်များများလည်းတစ်ပါတည်းပါဝင်ပြီးသားဖြစ်ပါတယ်။

How-to-install-remove-GNOME-Desktop-Environment-on-Kali-Linux-blackMORE-Ops

2.BackBox ကတော့ Ubuntu Based Linux Distro တစ်ခုဖြစ်ပြီး Penetration Testing အတွက်ဘဲ အဓိကထုတ်ထားတဲ့ OS တစ်ခုဖြစ်တာကြောင့် သုံးကြည့်နိုင်ပါတယ်။

slide-bb-2

Vulnerable  Applications

1.WebGoat ကတော့ Web Apllications နဲ့ ပတ်သတ်ပြီး Hacking လေ့လာချင်တယ်ဆိုတဲ့ ညီအစ်ကိုတွေအတွက် ကျွန်တော်ကတော့အကောင်းဆုံးလို့ထင်ပါတယ်။ Solution တွေကိုတော့ ကိုအောင်ခန့်(YEHG) ဆီမှာတင်ထားပါတယ်။

500px-WebGoat-Phishing-XSS-Lesson

2.DVWA ကလည်း Wen Goat လိုဘဲ Web Vulnerable Application တစ်ခုဖြစ်ပြီး Web Security ကိုစိတ်ဝင်စားသူတွေအတွက် စမ်းသပ်ဖို့အကောင်းဆုံးဖြစ်မှာပါ။

slider1

3.DVL ကတော့ Damn Vulnerable Linux ဆိုတဲ့ OS တစ်ခုဖြစ်ပြီ Linux based ပါ။ အထဲမှာတော့ Broken ဖြစ်နေတဲ့ Software တွေ Service တွေ ပါဝင်နေပြီး စမ်းသပ်ဖို့အကောင်းဆုံးဖြစ်မှာပါ။

dvl

4.Metasploitable ကတော့ Metasploit ဆိုတဲ့ Powerful Tool ကိုစမ်းသပ်ဖို့ အတွက်ထုတ်လုပ်ထားတဲ့ Lab တစ်ခုဖြစ်တာကြောင့်

metasploit ကိုလေ့လာချင်တဲ့သူတွေအတွက် အထောက်အကူအများကြီးဖြစ်စေမှာပါ။

metasploitable

OWASP Vulnerable Web Project မှာတခြားသော Lab တွေကိုလည်းသင်စမ်းကြည့်နိုင်ပါတယ်။

Refrence : https://www.dionach.com

Previous Post Next Post

You Might Also Like

1 Comment

  • Reply Mg D3m0n February 17, 2015 at 8:30 pm

    Beginner များအတွက် အသင့်လျော်ဆုံး post တစ်ခုပါ
    အမြဲ အားပေးလျက်ပါ ဘရိုတို့

  • Leave a Reply