Vulnhub

The Necromancer [writeup]

Vulnhub

The Necromancer 

Boot2root CTF အမျိုးစားပဲဖြစ်ပါတယ်။ ဒီ VM လေးကစိတ်ဝင်စားဖို့ကောင်းတယ် ပြီးတော့ စုစုပေါင်း flag ၁၁ ခုပါဝင်ပါတယ်။ Flag တစ်ခုကိုရမှ နောက်တစ်ခုကိုဆက်လုပ်နိုင်မှာဖြစ်ပြီး Geopardy style မဟုတ်ပဲ wargame CTF ပုံစံလေးဖြစ်တာကြောင့် အတွေ့ကြုံရအောင် ဖြေကြည့်တာပါ။ English လိုရေးထားတဲ့ writeup တွေလဲ Vulnhub မှာတင်ထားပါတယ်။ ကျနော်နားလည်သလိုရေးထားတာတွေက ဖတ်ရတာအဆင်မပြေဘူးဆို သွားဖတ်လို့ရတာပေါ့။

VM ရဲ့ပုံစံက DHCP auto assign ဖြစ်တာကြောင့် ကျနော်တို့ ထုံးစံအတိုင်း VM ရဲ့ IP သိရအောင် netdiscover သုံးမယ်။

192.168.0.104 ဆိုတာ VM ရဲ့ IP မှန်းသိရပြီ။

Note။  ။ ဒီ writeup ကို ၂ ခါခွဲရေးထားတာမလို့ အလယ်ပိုင်းလောက်မှာ ip 102 ကိုပြောင်းသွားတာတွေ့ရပါလိမ့်မယ်။ Screenshot ရိုက်တုန်းက ၂ ခါခွဲလုပ်လိုက်လို့ပါ။ IP ပြောင်းသွားတာမဟုတ်ပါဘူး။

ဘယ် port တွေ service တွေပွင့်နေလဲဆိုတာထုံးစံအတိုင်း nmap နဲ့ scan ကြည့်မယ်။

nmap scan result မှာ ဘာ port မှပွင့်နေတာမတွေ့ရပါဘူး။ wireshark ကို boot တက်တဲ့အချိန်မှာ ဖွင့်ထားခဲ့ရင်တော့ အောက်ကပုံလိုမျိုးတွေ့ရမှာဖြစ်ပါတယ်။

port တွေပွင့်မနေပေမယ့် သူ့ဘက်ကနေတော့ port 444 ကနေတစ်ဆင့် broadcast 192.168.0.1 – 255 ထိ တစ်ခုခုကိုပို့ထားတယ်ဆိုတာသိရပါတယ်။ ဒါနဲ့ VM ကို restart လုပ်လိုက်ပါတယ်။ ပြီးတော့ ကျနော်တို့ စက်ကနေ nc -lvp 4444 ဆိုပြီး listen လုပ်ထားလိုက်ပါတယ်။

ဒီလိုဆို VM ကနေ port 444 ကနေပို့လိုက်တဲ့ data တွေလက်ခံရရှိမှာဖြစ်ပါတယ်။ Base64 decode လုပ်ကြည့်လိုက်မယ်ဆိုရင်

flag 1 ခုစရပါပြီ။ ဒီ VM မှာက flag တစ်ခုစရတိုင်းနောက်ထပ် flag တစ်ခုအတွက် Hint ပေးထားပါတယ်။ အောက်ဆုံးနားမှာပေးထားတာပါ။ ဒီမှာဆို

ကိုပေးထားပါတယ်။ u666 ဆိုတာ UDP port 666 ကိုဆိုလိုတာပါ။ flag ရဲ့ MD5 hash ကိုဖြည်လိုက်ရင် opensesame ဆိုတာရပါတယ်။ ကျနော်ကတော့ google မှာပဲရှာလိုက်တယ်။

http://md5.gromweb.com/?md5=e6078b9b1aac915d11b9fd59791030bf

 

udp port 666 ကို connect လုပ်ပြီး opensesame လို့ပို့လိုက်တာနဲ့ flag 2 ကိုရပါပြီ။

နောက်ထပ် flag တစ်ခုအတွက် hint ကတော့

လို့ဆိုပါတယ်။ 80 ဆိုတဲ့ port ပွင့်သွားပြီလို့ထင်ပါတယ်။ ဟုတ်မဟုတ် nmap နဲ့ပြန်ပြီး scan ကြည့်လိုက်မယ်။

ဟုတ်ပါတယ် port 80 ပွင့်သွားပြီဖြစ်တာကြောင့် browser ကနေခေါ်ကြည့်လိုက်မယ်။

http://

Source Code ကိုတစ်ချက်ကြည့်လိုက်မယ်။

ဘာမှမပါဘူး ပုံလေးတစ်ပုံပဲပါတယ်။ ဒီတော့ ပုံကိုပဲ ကြည့်ရမယ်။ ကျနော်ကတော့ strings command နဲ့ကြည့်လိုက်တယ်။

ပုံထဲမှာ feathers.txt ဆိုတဲ့ string တစ်ခုတွေ့ပါတယ်။ ဒီလိုဆို ဒီပုံထဲမှာ feathers.txt ဆိုတဲ့ file ရှိနေနိုင်ပါတယ်။ ဒီတော့ jpg file ကို zip file ပြောင်းပြီး ဖြည်ချလိုက်ရင် featersmtxt ဆိုတဲ့ file ထွက်လာပါလိ့မ်မယ်။ base64 code တွေတွေ့တော့ decode လုပ်လိုက်ရင် flag 3 ကိုရပါပြီ။

နောက် flag အတွက် hint က

ဆိုတော့ Web Directory တစ်ခုဆိုတာသိရပါတယ်။

source code ကြည့်မယ်။

ဒီမှာလဲပုံတစ်ပုံပဲပါတယ်။ ခုနလိုပဲလုပ်ကြည့်တယ်။ ဒီတစ်ခါတော့ဘာမှမပါဘူး ပုံထဲမှာ။ ဒီတော့ directory မှာ ဘာတွေရှိနေနိုင်လဲဆိုတာ bruteforce တိုက်ဖို့လိုလာပါမယ်။ dirbuster ကိုသုံးနိုင်ပါတယ်။ ကျနော်ကတော့ wfuzz နဲ့ဘဲတိုက်လိုက်တယ်။ wordlist ကလဲမိမိကြိုက်နှစ်သက်ရာပေါ့။ rockyou ပဲသုံးလိုက်တယ်။

talisman ဆိုတဲ့ဟာတစ်ခုတွေ့တော့ url မှာခေါ်ကြည့်လိုက်ရင် talisman ဆိုတဲ့ binary file တစ်ခုကို down ရပါမယ်။

run ကြည့်ရမှာပေါ့။

run ကြည့်တဲအခါမှာ input တောင်းတယ်ဆိုတော့ Buffer Overflow ဖြစ်နိုင်တာကြောင့် A တွေအများကြီးရိုက်ထည့်လိုက်တဲ့အခါမှာ Segmentation Fault လို့ return ပြန်ပါလိမ့်မယ်။ Stack Based Buffer Overflow အတွက် BaseCTF pwn05 မှာပါတဲ့ challenge နဲ့ဆင်တာတွေ့ရပါတယ်။ binary strpped မလုပ်ထားတဲ့အတွက် function name တွေကို gdb မှာပဲဖြစ်ဖြစ် strings command နဲ့ပဲဖြစ်ဖြစ်တွေ့နိုင်ပါတယ်။

ခု run နေတဲ့ function က wearTalisman ဖြစ်ပြီးတော့ ကျနော်တို့လိုချင်တဲ့ flag က chantToBreakSpell ဆိုတဲ့ function ထဲမှာဖြစ်ဖို့များတယ်လို့ကျနော်ယူဆလိုက်တယ်။ တကယ်က ဒီတိုင်းလုပ်ရတာတော့မဟုတ်ပါဘူး။ နောက်ပိုင်း Buffer Overflow တွေသေချာဖတ်ကြည့်တော့မှ memory address ကို သွားရမယ်ဆိုတာသိလာခဲ့ပါတယ်။ နောက်မှ သေချာရေးပါတော့မယ်။ ဒီမှာတော့ကျနော်လုပ်လိုက်တဲ့အတိုင်းပဲပြောတော့မယ်။

gdb နဲ့ wearTalisman ဆိုတဲ့ function ကို breakpoint ထားလိုက်ပြီး ကိုယ်သွားချင်တဲ့ chantToBreakSpell ဆိုတဲ့ function ကို jump လုပ်လိုက်ပါတယ်။

ဆိုတဲ့ flag ကိုရပါပြီ။ နောက်တစ်ခုအတွက် hint က

u31337 ဆိုတော့ ခုနကလိုပဲ UDP port 31337 ကို connect လုပ်ရပါမယ်။

MD5 ကိုဖြည့်ကြည့်ရင် blackmagic ဆိုတာရတဲ့အတွက်

https://md5hashing.net/hash/md5/ea50536158db50247e110a6c89fcf3d3

နောက်ထပ် directory တစ်ခုထပ်ရပါတယ်။ဒီလိုဆို port 80 ပြန်ပွင့်သွားပြီ။

Note ။ ။ ဒီ VM က port တွေ တစ်ဆင့်ချင်းဖွင့်ပိတ်လုပ်တာဖြစ်တဲ့အတွက် တစ်ခါတည်းအပြီးမလုပ်နိုင်ရင် အစကပြန်လုပ်ရပါတယ်။

necromancer ဆိုတဲ့ link လေး ပါတော့နှိပ်ကြည့်လိုက်ပါတယ်။ download ဆွဲရမှာဖြစ်ပါတယ်။

file command နဲ့ကြည့်လိုက်ရင် bzip ဖြစ်တာကြောင့် ဖြည့်လိုက်ပါတယ်။ ထွက်လာတယ်။necromancer.out ကိုလည်းကြည့်တော့ tar archive ဖြစ်တာကြောင့်ထပ်ဖြည်ပါတယ်။ ဒီတော့ necromancer.cap file ထွက်လာပါတယ်။ Wireshark နဲ့ဖွင့်ကြည့်တဲ့အခါဘာမှတွေ့ရမှာမဟုတ်ပါဘူး။ ဒါကြောင့် aircrack-ng နဲ့ကြည့်တဲ့အခါမှသာ TCP 3 way handshake ပါလာတာတွေ့ရမှာဖြစ်ပါတယ်။ ဒီတော့ aircrack နဲ့ crack မယ်။

death2all ဆိုတဲ့ key တွေ့ပါလိမ့်မယ်။ rockyou နဲ့ပဲ crack ပါတယ်။

စောစောက flag 6 မှာအောက်ဘက်မှာ hints တွေပါပါသေးတယ်။ u161 ဆိုတဲ့ port က snmp port ဖြစ်ပါတယ်။

http://www.speedguide.net/port.php?port=161

ဒါဆိုခုနရတဲ့ key နဲ့ snmp port ကိုဝင်ကြည့်မယ်။

snmpwalk -c death2all -v1 <ip>

Locked ဖြစ်နေပါတယ်။ If you choose to defeat me, the door must be Unlocked” လို့ပြောထားတာကြောင့် Locked ဆိုတဲ့နေရာမှာ Unlocked လို့ပြန်ပြောင်းပေးမယ်။

ဆိုတာရပါပြီ။ t22 က TCP port 22 ဆိုတော့ ssh ပေါ့။ hash ကိုဖြည့်လို့ရတဲ့တန်ဖိုးက

http://md5.gromweb.com/?md5=9e5494108d10bbd5f9e7ae52239546c4

“demonslayer” ဆိုတဲ့တန်ဖိုးရပါတယ်။

nmap နဲ့ပြန် scan ကြည့်တော့လဲ port 22 ပွင့်နေပါပြီ။ ဒီတော့ demonslayer က username ဆိုရင် password ကမသိဘူး။ ဒါကြောင့် Hydra နဲ့ ssh bruteforce တိုက်မယ်။

password က 12345678 ဆိုတော့လွယ်လွယ်လေးတွေ့ရမှာပါ။ rockyou နဲ့ပဲ တိုက်တာပဲ ။ ssh login ၀င်ပြီးပြီဆိုတော့ demonslayer ဆိုတဲ့ user အနေနဲ့ VM ထဲကိုရောက်သွားပါပြီ။

flag8.txt file လေးတွေ့လို့ ထုတ်ကြည့်လိုက်တော့ Defend yourslef! Counter attack the Necromancer’s spells at u777 ဆိုတော့ VM ပေါ်ရောက်နေပြီဆိုတော့ ဒီ VM ပေါ်ကိုလာတဲ့ u777 ကနေ listen လုပ်ရပါမယ်။

မေးခွန်းတွေဖြေပေးရပါမယ်။ မသိတော့ google မှာပဲရှာရပါတယ်။

https://en.wikipedia.org/wiki/Tsurani

ဒီလိုမျိုးမေးခွန်းလေးတွေ google ခေါက်ပြီးဖြေရပါတယ်။

မေးခွန်းတြွေေ့ဖပြီး flag တွေရရင်တော့ နောက်ဆုံး flag တစ်ခုပဲကျန်ပါတော့တယ်။ root folder အောက်မှာထားပါတယ်။  ssh login ၀င်ထားတဲ့ user က root user မဟုတ်တဲ့အတွက် ပုံမှန်ဆို ကြည့်လို့မရပါဘူး။ ဒါကြောင့် demonslayer ဆိုတဲ့ user ကဘာတွေကို run လို့ရနေလဲဆိုတာကို sudo -l နဲ့ကြည့်ရင် flag11.txt ဆိုတာကို run လိုရနေတာကိုတွေ့ရပါမယ်။

w00t ! Thanks for reading xD

Previous Post Next Post

You Might Also Like

No Comments

Leave a Reply