Sleep with success
Uncategorized

Sleep your way to resolution success

ရည်မှန်းချက်အောင်မြင်ဖို့ အိပ်ရေးဝအောင်အိပ်နည်း ငါးသွယ်။
သုတေသီတို့ရဲ့ အကြံပြုချက်တွေအရ ညဖက်အိပ်ရေးဝဝ အိပ်စက်ခြင်းနဲ့ ရည်မှန်းချက် အောင်မြင်မှုတွေရနိုင်လားဆိုတာကိုအကြံပြုဆွေးနွေးထားပါတယ်။ဒါကြောင့် နှစ်နှစ်ခြိက်ခြိက် အိပ်စက်နိုင်မယ့် နည်းလမ်း ငါးမျိုးကို ဖော်ပြပေးလိုက်ပါတယ်။

 

  1. အပြာရောင်ကိုရှောင်ပါ။
  2. သင့်ဦးနှောက်ကို အလုပ်များနေပါစေ။
  3. အိပ်မပျော်ရင်ထပါ။
  4. အိပ်ပျော်ပြီလို့ ဟန်ဆောင်ပါ။
  5. မိနစ် ကိုးဆယ် စည်းမျဉ်းကို သတိရပါ။

၁-အပြာရောင်ကိုရှောင်ပါ။

သုတေသီတို့စမ်းသပ်ချက်အရ အပြာရောင်က အိပ်စက်ခြင်းကိုလန့်နိုးစေပါတယ်။ဒါကြောင့် Computer Screens, Tablets , Smart Phones တွေက အပြာရောင်ကိုထုတ်လွတ်တဲ့အတွက် အိပ်ပျော်ခြင်းကိုအနှောက်ယှက်ပေးပါတယ်။ဒါကြောင့် စက်ပိတ်ပြီးမှအိပ် သို့ အဝေးမှာ ထားပြီးအိပ်ပါ။ တစ်ကယ်လို့မသုံးမဖြစ် သုံးရမယ်ဆိုရင်တောင် devices မှာပါတဲ့ brightness ကိုလျော့ချထားပါ။

၂- သင့်ဦးနှောက်ကို အလုပ်များနေပါစေ။

အိပ်ရာထဲရောက်ပြီးအိပ်မပျော်ဘူးဖြစ်နေတယ်ဆိုရင် စိတ်ကိုပင်ပန်းသွားအောင်လုပ်လိုက်ပါ။ ဥပမာ-အကြောင်းအရာတွေ၊နိုင်ငံနာမည်တွေ၊အသီးနာမည်တွေ ကိုစိတ်ကူးကြည့်ပါ နောက်ပြီး နိုင်ငံအနေနဲ့ A ဆိုရင် America, B ဆိုရင် Bulgaria, ဒါမှမဟုတ် အသီးအနေနဲ့  A ဆိုရင်  Apple, B ဆိုရင် Broccoli ပေါ့ အဲလိုမျိုးစဉ်းစားကြည့်ပါ။

၃-အိပ်မပျော်ရင်ထပါ။

တစ်ကယ်လို့ အိပ်ရာဝင်ပြီး မိနစ် ၂၀ လောက်ကြာသည်တိုင် အိပ်မပျော်သေးဘူးဆိုရင်ဆက်မအိပ်နေပါနဲ့။ ထလိုက်ပါပြီးတော့ 15 မိနစ်လောက်အချိန်ဖြုန်းလိုက်ပါ ဒါမဟုတ် စာအုပ်ဖတ်ပါ။ အခြားနည်းကတော့ puzzle ဆက်တဲ့ကစားနည်းလိုမျိုးကစားလိုက်ပါ။ပြီးမှပြန်အိပ်ပါ။

၎- အိပ်ပျော်ပြီလို့ ဟန်ဆောင်ပါ။

အရမ်းပင်ပန်းလို့ အိပ်တော့မယ်ဆိုပြီးစိတ်ကူးကြည့်ပါ။ဟန်ဆောင်ပြီး အိပ်ငိုက်တဲ့ပုံစံမျိုးနဲ့ တစ်ကြိမ်နှစ်ကြိမ် သန်းကြည့်ပါ။ပြောရရင် အိပ်ချိန်ရောက်ပြီလို့ တွေးကြည့်ပါ။

၅- မိနစ် ကိုးဆယ် စည်းမျဉ်းကို သတိရပါ။

အိပ်နေတဲ့ညစဉ်ညတိုင်း “light sleep – deep sleep – light sleep” ဆိုတဲ့စက်ဝန်းကိုဖြတ်ကျော်ရပါတယ် ဆိုလိုတာက  နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမယ် ပုံမှန်အိပ်ပျော်တယ်။ ဒီလိုမျိုးတစ်လှည့်စီဖြစ်ပေါ်နေတာပါ။တစ်ခုချင်းစီရဲ့ကြာချိန်က မိနစ် ကိုးဆယ်ပါ။အဲဒီ စက်ဝန်းထဲမှ light sleep မှာနိုးရင် လူကလန်းဆန်းနေပါတယ်။ ဒါကြောင့် မနက် 7 နာရီထချင်တယ်ဆိုရင် ည 11 နာရီဝန်းကျင်လောက်အိပ်ရာဝင်တာအကောင်းဆုံးပါပဲ့။ထချင်တဲ့အချိန်ကစပြီးနောက်ပြန် မိနစ် ကိုးဆယ်စီရေကြည့်ပေါ့ ဥပမာ 7am, 5.30am, 4am, 2.30am, 1am, 11.30pm, 10pm. အဲလိုတွက်ကြည့်လိုက်တာနဲ့ မနက် 7 နာရီအဆင်ပြေပြေနိုးချင်ရင် ည ၁၀ နာရီ ဒါမှမဟုတ် ၁၁ နာရီခွဲအိပ်ရာဝင်သင့်ပါတယ်။နိုးတဲ့အခါလည်းဦးနှောက်မကြည်မလင်မခံစားရတော့ပါဘူး။

 

Previous Post Next Post

You Might Also Like

1 Comment

  • Reply Mg D3m0n February 18, 2015 at 6:00 pm

    Wow !! ညဘက်ကောင်းကောင်းအိပ်မပျော်နိုင်တဲ့ ကျွန်တော့်အတွက် တကယ်အသုံးဝင်တဲ့ post လေးပါ :)

  • Leave a Reply