Uncategorized, Web Security

Simple JavaScript Calculator

JavaScript ကိုအသုံးပြုပြီးတော့ရိုးရှင်းတဲ့ calculator လေးတစ်ခုကိုဖန်တီးကြည့်ကြမယ်။ ကျနော်လည်း လေ့လာနေဆဲ လေ့ကျင့်နေဆဲမလို့ အမှားပါလည်း နားလည်ပေးကြပါ။ ဒါကတော့ လုံးဝရိုးရှင်းတဲ့ပုံစံလေးရအောင် ရေးထားတာဖြစ်တော့ Calculator အကောင်းစားကြီးမဟုတ်သလို Bug တွေလည်းရှိချင်ရှိနေနိုင်မှာပါ။ ဒါတွေကို အဓိကမထားပဲကျနော်တို့ program လေးကိုပဲလေ့လာရအောင်ပါ။

Calculator လေးတစ်ခုဖန်တီးမယ်ဆိုရင် ပထမဆုံး လိုအပ်တာတွေအရင်ဆုံးစဉ်းစားကြည့်ရအောင်။ မရှိမဖြစ်လိုတဲ့အရာတစ်ခုကတော့ User Input လိုတာပေါ့။ ဒီတော့ကာ

နောက်လိုတာကတော့ Numbers တွေ operator တွေလိုဦးမှာပေါ့။

ဒါကတော့ 1 ဆိုတဲ့ number အတွက် button လေးတစ်ခုပေါ့ action တော့မပါသေးဘူး။ ဒီတော့ action က Click နှိပ်လိုက်ရင်ဆိုတဲ့ action ဖြစ်တဲ့အတွက် ကျနော်တို့ onClick Event Handlers ကိုသုံးမယ်။

ဒီတော့ကာ

Click နှိပ်လိုက်တဲ့အချိန်မှာ အလုပ်လုပ်စေချင်တာက name=”calculator”ဆိုတဲ့ input ထဲကို 1 ဆိုတဲ့ value ကို ထည့်လိုက်တယ်။ ဒီတိုင်း ကျန်တဲ့ number တွေအကုန်လုံးတူတူပဲ။ မတူတာဆိုလို့ C ဆိုတဲ့ Clear လုပ်မယ့် Button ရယ် multiply button ရယ် တကယ်လို့ အစားကို / လို့မပေးပဲ အစား သင်္ကေတသုံးထားမိရင် ပြန် Change ပေးရမယ်။ JavaScript မှာက / ပဲအလုပ်လုပ်တာကိုး။

ဟုတ်ပြီ calculate လုပ်မယ်။ 1 ရယ် + ရယ် 2 ရယ်နှိပ်တယ်ဆိုပါတော့။ calculator.input.value ထဲမှာ 1+2 ဆိုတာရောက်နေမယ်။ ဒီချိန်မှာ user က = ကို click တဲ့အခါ ကျနော်တို့တွက်ပေးရမယ်။ တွက်ပြီးလို့ရတဲ့တန်ဖိုးကို Input ထဲပြန်ထည့်ပေးရမယ်။ JavaScript ရဲ့ eval function ကိုသုံးပြီးတော့ ကျနော်တို့တွက်ပေးမယ်။

eval(calculator.input.value) ဆိုရင် value ထဲမှာရှိနေတဲ့တန်ဖိုးတွေဆိုတော့ eval(1+2) ဖြစ်သွားမယ်။ eval(1+2) ကို calculator.input.value ထဲကိုပြန်ထည့်လိုက်မယ်ဆိုရင် value ထဲကို 3 ၀င်သွားမှာဖြစ်ပါတယ်။

ဒီနေရမှာ ဘာလို့ += မသုံးပဲ = ကိုသုံးလည်းဆိုရင် အရင်ရှိနေတဲ့ တန်ဖိုး 1+2 ဆိုတာကိုမရှိစေချင်တော့ပဲ နောက်ထပ်တန်ဖိုးကိုပဲ ပြန်ထည့်တဲ့သဘောပါ။

ဒီလိုဆို ကျနော်တို့ Calculator လေးကအလုပ်လုပ်နေပြီ။

Design လေးတော့ နည်းနည်းပြင်လိုက်မယ်မဟုတ်ရင် ကြည့်ကောင်းမှာမဟုတ်ဘူး ဒီတော့ ရေးထားတဲ့ဟာ တွေကို ကျနော်က calculate ဆိုတဲ့ id နဲ့ div တစ်ခုတည်းကိုထည့်လိုက်တယ်။

ဒါကို CSS ကနေပြန်ခေါ်ပြီး နည်းနည်းလေးတော့ကြည့်ကောင်းအောင်လုပ်လိုက်မယ်။

ပြီးရင် form elelment ကိုအလယ်ကိုပို့လိုက်မယ်။

တချို့ကတော့ Table သုံးပြီးရေးကြပါတယ်။ ကြိုက်သလိုရေးပါ။ အဓိက JavaScript လေးအလုပ်လုပ်သွားတာကိုသိချင်တာပါ။

Demo

Previous Post Next Post

You Might Also Like

No Comments

Leave a Reply