Linux

Playing COC on Linux

COC ဆော့တဲ့သူတွေများလာတော့ Linux မှာဆော့ချင်တဲ့ သူငယ်ချင်းတွေလည်း ဆော့လို့ရမယ့်နည်းလေးတင်ပေးလိုက်ပါတယ်။

Install Android Emulator on Linux

လူသုံးများတဲ့ BlueStack က Linux ကို support မလုပ်ပါဘူး။ ဒါပေမယ့် BlueStack ထက်မိုက်ပြီး၊ Function လည်းစုံ Window,Linux,Mac သုံးခုလုံးမှာပါ support လုပ်တဲ့ Genymotion Emulator ကို Linux ပေါ်မှာ install လုပ်ပြမှာပါ။ Genymotion ရဲ့အားနည်းချက်က Virtual Box နဲ့တွဲမှ အလုပ်လုပ်နိုင်တာပါ။ ဒါကြောင့် ကိုယ့်စက်မှာ V-box တော့ install လုပ်ပြီးသားရှိရပါလိမ့်မယ်။

Genymotion ကိုသုံးဖို့အတွက် သူ့ Offical Site မှာ Account တစ်ခု Sign-Up လုပ်ထားဖို့လိုပါလိမ့်မယ်။

https://www.genymotion.com/#!/auth/account-creation

Account Create လုပ်ပြီးရင်တော့ Genymotion ကို Download ဆွဲလို့ရပါပြီ။

https://www.genymotion.com/#!/download

Download လုပ်ပြီးသွားရင် ကိုယ့် File ရှိတဲ့နေရာကို Terminal ကနေသွားလိုက်ပါ။ ပြီးရင် chmod ကျွေး။ install လုပ်ပါ။ အောက်ကပုံလိုမျိုးပေါ့။

c1

Install လုပ်ပြီးရင် တော့ genymotion ကို သူ့ File ရှိတဲ့နေရာသွားပြီးဖြစ်ဖြစ် ၊ Terminal ကနေပဲ ဖြစ်ဖြစ် run လိုက်ပါ။

c2

Username & password တောင်းရင် ကိုယ် Download လုပ်တုန်းက Create လုပ်ထားတဲ့ Account ကိုထည့်ပေးလိုက်ပါ။

ခုမှ စ install လုပ်ပြီးတာဖြစ်တဲ့အတွက် ကိုယ်လိုချင်တဲ့ ph model  ,android OS ကို ရွေးလို့ရပါမယ်။

c3

ရွေးပြီး Next နဲ့သွားလိုက်ရင် 158 Mb လောက် Download ဆွဲပါလိမ့်မယ်။ ပြီးသွားရင်တော့ Start နိုပ်ပြီး Android Emulator ကိုစသုံးလို့ရပါပြီ။

c4

တကယ်လို့ Resolution ပြင်ချင်ရင် ပလယာပုံစံ Setting Icon မှာပြင်လို့ရပါတယ်။ပြီးရင်တော့ သင့် PC ပေါ်မှာ Android Phone တစ်လုံးကို အသုံးပြုလို့ရပါပြီ။

တကယ်လို့ COC ဆော့မယ်ဆိုရင် Google Play Service သွင်းပေးဖို့လိုပါလိမ့်မယ်။ XDA ကနေ ဖိုင် ၂ဖိုင် Download ဆွဲရပါအုံးမယ်။

http://forum.xda-developers.com/showthread.php?t=2528952

ဒီလင့်ကနေ

ARM Translation Installer v1.1  , Google Apps for Android 4.3 ကို Download လုပ်ပါ။ Install လုပ်တုန်းက Android Version 4.3 ကို ရွေးခဲ့တဲ့အတွက် Google Apps for Android ကို 4.3 ဆွဲရတာပါ။ ကိုယ် Install လုပ်တုန်းက ရွေးခဲ့တဲ့ Android Version အတိုင်း Download လုပ်ဖို့လိုပါလိမ့်မယ်။

Download လုပ်ပြီးတဲ့ ဖိုင် ၂ ဖိုင်ထဲက Arm Translation Installer ကို ပထမဆုံး ကိုယ့် PC ပေါ်ကနေ Emulator ပေါ်ကို Drag and Drop သာလုပ်လိုက်ပြီး Ok သာပေးလိုက်ပါ။ Google Apps for Android ဖိုင်ကို Drag and Drop လုပ်ပြီးရင်တော့ကိုယ့် Android ကို Restart လုပ်ဖို့လိုပါလိမ့်မယ်။

c5

 

ဖိုင် ၂ ဖိုင်လုံးကို Drag and Drop လုပ်ပြီးရင် တော့ ကိုယ့် Emulator ဟာ Google Play Store နဲ့ချိတ်ဆက်ပြီးပါပြီ။ COC apk ကို Emulator ပေါ်ကို Drag and Drop လုပ်ပြီး ဆော့လို့ရပါပြီ။

ကျန်တဲ့ Emulator Function တွေကတော့ ကိုယ့်ဘာသာ စမ်းကြည့်ကြပါ။

c6

 

Author : syst3m

 

 

Previous Post Next Post

You Might Also Like

No Comments

Leave a Reply