Web Security

How to use “Google Dorks”?

Google Hacking ဆိုလို့  တချို့ က Google ကို Hack တယ်များထင်သွားမလားမသိဘူး။အံသြစရာတော်တော်များနေတဲ့  Google ရဲ့Search Engine တွေဟာ နာမည်အကြီးဆုံးနဲ့အလုပ်လုပ်တာအကောင်းဆုံးအဖြစ် ကျနော်တို့ အားလုံးသိထားပြီးဖြစ်ပါတယ်။ ကောင်းတာသုံးရင်ကောင်းမှာဖြစ်သလို မကောင်းတာသုံးရင်လည်းမကောင်းတာဖြစ်တယ်ဘဲဆိုကြပါစို့ ။ Google ရဲ့  Search Operator တွေကိုအသုံးပြုပြီး တချို့ Hacker တွေက Hacking လုပ်ကြသတဲ့ ။ တချို့ တွေမဟုတ်ပါဘူး တကယ်တော့ Hacker တော်တော်များများ ဒီနည်းကိုအသုံးပြုကြပါတယ်။

တကယ်တော့ Google Dork တွေကို ပုံမှန်မဟုတ်တဲ့ keyword တွေကိုရှာဖို့  တိကျတဲ့တန်ဖိုးလေးတွေသတ်မှတ်ပြီးရှာတဲ့သဘောပါ။ ဒီအခါမှာ လူတစ်ယောက်နဲ့တစ်ယောက်သုံးပုံချင်းကွာသွားတာဘဲ ရှိပါတယ်။Operator တွေအကြောင်းတော့ သိထားဖို့ လိုတာပေါ့နော်။ ဒါကြောင့် ကျနော်တို့  လေ့လာကြည့်ရအောင်

[inurl:]
inurl ကိုဘယ်လိုအသုံးပြုမလဲ ။inurl က URL မှာပါဝင်တဲ့ keyword ကိုသတ်မှတ်ပြီးရှာတဲ့အခါမှာအသုံးပြုလို့ ရပါတယ်။ ဥပမာအနေနဲ့  URL မှာ creatigon.com ဆိုတဲ့စာပါတဲ့  URL ကိုလိုချင်တယ်ဆို “inurl:creatigon.com” လို့ အသုံးပြုရမှာပါ။

2

 

[intitle:]
intitle ကတော့ Website ရဲ့  Title မှာရှိတဲ့ Keyword ကို သတ်မှတ်ပြီးရှာတဲ့ operator ပါ။
Example- “intitle:Creatigon inurl:creatigon.com”

3

 

[filetype:]
filetype ကတော့ File Type သတ်မှတ်ပြီးရှာတဲ့နေရာမှာသုံးပါတယ်။ ဥပမာကျနော်တို့ က
creatigon အမည်ပါတယ် png file တစ်ခုလိုချင်တယ်ဆိုပါတော့ ။
Example – “GHDB” filetype:pdf

4

 

[intext:]
intext ကတော့ Content မှာရေးထားတဲ့ စာထဲမှာ ကိုယ်ရှာချင်တဲ့ စာလုံးကို
သတ်မှတ်ပြီးရှာတဲ့နေရာမှာသုံးပါတယ်။
Example- intext:gmail intext:password filetype:txt

 

5

Google Hacking ဖတ်ပြီးသွားလို့  Dork တွေ ထပ်သိချင်သေးတယ်ဆိုရင်တော့အောက်က Link မှာသွားဖတ်နိုင်ပါတယ်။

http://www.exploit-db.com/google-dorks/

Author : Thin Ba Shane

Previous Post Next Post

You Might Also Like

No Comments

Leave a Reply