Digital Marketing

How to grow your business online

 

အားလုံးဘဲမင်္ဂလာပါလို့  နှုတ်ခွန်းဆက်သပါရစေ ။ ယနေ့ ခေတ်မှာ IT နဲ့ ပတ်သတ်တဲ့ သင်တန်းတွေ services တွေတဟုန်ထိုးတိုးတက်လာတာနဲ့အမျှ လူတိုင်းလိုလိုလည်း internet ကိုအသုံးပြုနေကြပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့  ၃ ပုံ ၁ ပုံ ထက်မနည်းတဲ့ လူကြီးလူငယ်လူရွယ်တွေဟာ အခုဆိုရင် Mobile Phone တစ်လုံးနဲ့  မိမိနားထောင်ချင်တဲ့ သီချင်းကို ရှာပြီး download ဆွဲတတ်နေပါပြီ။
မိမိ သိချင်တဲ့အကြောင်းအရာကို Google မှာရှာလို့ ရတယ်ဆိုတာကိုသိပြီးနေပါပြီ။ ဒီလိုတိုးတက်လာတာနဲ့ အမျှ လူတော်တော်များများဟာ ပျင်းရိလို့ ဘဲဖြစ်စေ အချိန်ခဏအနားရလို့ ဘဲဖြစ်စေ လွန်ခဲ့တဲ့  ၂ နှစ်ခန့် ကလို
Television တွေကိုကြည့်မနေကြတော့ပါဘူး ။ radio နားထောင်မနေတော့ပါဘူး ။ မိမိ Mobile ဖုန်း သို့ မဟုတ် Computer ကိုအသုံးပြုပြီး အပျင်းဖြေတတ်နေကြပါပြီ ။ ဗဟုသုတရှာတတ်နေကြပါပြီ ။
ဒီလိုခေတ်ကြီးထဲမှာ သင်က သင့်ရဲ့  Business အကြောင်းကို TV မှာဘဲကြေငြာနေတော့မှာလား ။ သတင်းစာမှာပဲကြေငြာထည့်နေတော့မှာလား။ radio ကနေဘဲလွှင့်ခိုင်းနေတော့မှာလား ။
လူအတော်တော်များများဟာ Online ပေါ်ရောက်သွားကြပြီဆို ဘာကြောင့် သင့်ရဲ့  Local Business ကို Online ပေါ်ကိုမတင်ဘဲနေမှာလဲ မိတ်ဆွေ။
Traditional Marketing နဲ့ ဘာကွာခြားမှုရှိလဲ ဆိုတာကိုအရင်ဆုံး ပြောချင်ပါတယ် ။ Business အတွက် Flyer တွေ လူစုလူဝေးမှာ သင်ကမ်းဖူးလား ။
သင်ကိုယ်တိုင်သွားကမ်းတာလား ဒါမှမဟုတ် သင့်လက်အောက်ငယ်သားကိုသွာကမ်းခိုင်းတာလား ။ သင့်လက်အောက်ငယ်သားတစ်ယောက်ယောက်ကိုသွားကမ်းခိုင်းခဲ့တာဆိုရင်တော့ “(လှည်းတန်း)လမ်းမတွေမှာပြန့် ကျဲနေတဲ့ flyer တွေဟာ
လူတွေ ဖတ်ပြီးလို့ လွှင့်ပစ်ထားတာလား” သို့ မဟုတ် “မဖတ်ဘဲလွှင့်ပစ်ထားတာလား” ဆိုတာမေးကြည့်သင့်ပါတယ် ။ ကျနော့်သတိထားမိသလောက်တော့ လူတော်တော်များများဟာ ဖတ်လိမ့်မယ်တော့မထင်ပါဘူး။
တချို့ ဆို တခါတည်းလွှင့်ပစ်ခဲ့တာတောင်တွေ့ ရပါတယ်။ဒါဆိုရင် သင် ဒီလို flyer တွေကမ်းနေတာတကယ်ရောအလုပ်ဖြစ်လို့ လားလို့ မေးစရာရှိလာပြီလေ။
နောက်တစ်ချက်ကတော့ radio မှာကြေညာမှာလား ။ ကျနော်သတိထားမိသလောက်တော့ Taxi ( အငှားကား) စီးတဲ့အခါလောက်သာ radio နားထောင်ဖြစ်တယ်။ကား driver ဖွင့်ထားလို့ လေ။
Television မှာကြေညာမှာလား။ သင့်ရဲ့ ကြော်ညာကို ဘယ်အချိန်မှာထည့်မှာလဲ။ ကိုရီးယားကား လာနေတဲ့အချိန်ကြားဖြတ်တဲ့ကြော်ညာဆိုရင်တော့ သိပ်သဘောကျမယ်မထင်ဘူး။
Marketing တွေငှားပြီး တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်ကြေညာမယ်။ ဒါကတော့ ကိုယ့်မှာ တကယ်အရည့်ချင်းရှိတဲ့ marketer တွေပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ပြသနာမရှိပါဘူး ။
ဒါကကျနော်သိထားသလောက် traditional marketing ရဲ့  အားနည်းလာမှုတွေပါ။ မကောင်းဘူးလို့ မဆိုလိုပါဘူး။ထိထိရောက်ရောက်လုပ်မယ်ဆိုရင် ကောင်းကောင်းအကျိုးသက်ရောက်ပါတယ်။
အဓိက မေးချင်တဲ့ မေးခွန်းလေးတစ်ခုကတော့ ဒီလိုမျိုးအကုန်ကျတွေ ခံပြီးသင် market လိုက်နေပါလျှက်နဲ့  ဘာကြောင့် Online မှာရောသင့်ရဲ့  brand ကိုမကြေညာချင်တာလဲ ဆိုတာပါ။
Online Marketing ဟာတကယ်တော့ အကုန်ကျပိုနည်းပြီး ထိရောက်တဲ့နည်းလမ်းတစ်ခုပါ။မနက်မိုးလင်းတာနဲ့  မျက်နှာမသစ်ခင် Social Network ကိုအရင်ဖွင့်နေကြတဲ့ခေတ်စနစ်ကိုရောက်နေပြီလေ။
Facebook မှာ မြန်မာနိုင်ငံကလူသုံးအများဆုံးအချိန်ဟာ မနက် ၆ နာရီ ၀န်းကျင်ပါဘဲ။ လူတော်တော်များများက အိပ်ရာနိုးပြီဆိုရင် internet လေးသုံးတတ်လာပါပြီ။ ကျနော်ထင်တယ် သင်ဒီအကြောင်းကိုမသိသေးလို့ ဘဲနေမှာ။
Website တစ်ခုမရှိရင်ခေတ်မမှီတော့ဘူးလို့ ထင်ပြီး Website တစ်ခုဖန်တီးလိုက်တယ်ဆိုရင်တော့ ဘာအကျိုးသက်ရောက်မှုမှအမှန်တကယ်ဖြစ်လာမှာမဟုတ်ပါဘူး။
ခိုင်မာတဲ့ audience တော့တည်ဆောက်ဖို့ လိုပါလိမ့်မယ်။ ဒီလို ခိုင်မာတဲ့ ပရိတ်သတ်ရနိုင်ဖို့ အတွက် သင် Website ကောင်းကောင်းတစ်ခုတော့လိုမယ်လို့ ထင်ပါတယ်။ ဆိုလိုတာက သင့်ရေးထားတဲ့ Website က သင့် Customer တွေကို ဆွဲဆောင်နိုင်ပြီး သင့် business ကိုပိုပြီးလူသိစေနိုင်မှာပါ။ ဒီတော့ သင့်အနေနဲ့ Website ကောင်းတစ်ခုလိုချင်တယ်ဆိုရင်
Creatigon မှာ သင်စိတ်တိုင်းကျ Website တစ်ခုကို ဈေးနှုန်းချိုသာစွာနဲ့  ဆန်းသစ်တဲ့ Design အလှဆင်မှုများနဲ့ ရရှိနိုင်ပါတယ်။ သင့်အတွက်စိတ်ကျေနပ်မှုအမြောက်အမြားပေးစွမ်းနိုင်တဲ့ creatigon web development ကိုရွေးချယ်လိုက်ပြီးဆိုရင်တော့
hi@creatigon.com ကို mail ပို့ ပြီးဖြစ်စေ ၊ 09254066468 ၊ 09420049737 ၊ 095084799 သို့ ဖုန်းဆက်ခြင်းဖြင့်ဖြစ်စေ အသေးစိတ်အချက်အလက်များကို မေးမြန်းစုံးစမ်းနိုင်ပါပြီ။

Grow your business with our online solutions !
Author – Cretigon
http://www.creatigon.com

Previous Post Next Post

No Comments

Leave a Reply