web design myanmar
Uncategorized

How to choose a web design company for your project

Web Design ဆွဲဖို့ Company တစ်ခုကိုရွေးချယ်တော့မယ်ဆိုရင် ဘယ် Company က အခြား Company တစ်ခုထက်ပိုကောင်းသလဲ? ဘယ်သူက ပိုသာလဲဆိုတဲ့အချက်တွေကိုကြည့်ရမှာအမှန်ပါပဲ့။

တစ်ကယ်လို့ သင့်က Ecommerce  Website တစ်ခုလုပ်တော့မယ်ဆိုရင်ဘယ် Company က Ecommerce ကို specialize လုပ်သလဲဆိုတာ ဘယ်လိုသိနိုင်မလဲ?.

အဲဒီအတွက် သိထားသင့်တာလေးတွေကို ရေးသားလိုက်ပါတယ်။

Web Design Company တစ်ခုကိုရွေးချယ်တာက အိမ်တစ်လုံးဆောက်ဖို့ လက်သမား ငှားလိုက်တာနဲ့တူပါတယ်။ သန့်ရပ်လှပပြီး လုံခြုံစိတ်ချရတဲ့ Design ကို အိမ်ရှင်ကလိုချင်မှာပဲ့လေ၊ ဒါကြောင့် ပထမဆုံး အချက်သုံးချက်နဲ့ပြည့်စုံတဲ့ Company တစ်ခုကိုရွေးချယ်သင့်ပါတယ်။

  1. လုပ်ငန်းအတွေ့အကြုံရှိတဲ့ အဖွဲ့အစည်း
  2. လုပ်ငန်း လုပ်သက်
  3. လုပ်နိုင်စွမ်းရည်

အပေါ်က Development Team ဖြစ်ကြောင်းသေချာအောင်လုပ်ပါ။ တစ်ယောက်တည်းလုပ်တာကိုဆိုလိုတာမဟုတ်ဘူးနော် အဖွဲအစည်းကိုဆိုလိုပါတယ်။ဥပမာ. အိမ်တစ်လုံးကိုဆောက်လိုက်ပြီဆိုရင် result ကထွက်လာပါလိမ့်မယ်။ website တစ်ခုလုပ်ပြီဆိုတာနဲ့ Web Designer , Developer , SEO manager , Security စတဲ့သူတွေကိုလိုအပ်ပါတယ်။သက်ဆိုင်ရာနယ်ပယ်အလိုက် တစ်ခုချင်းစီကိုလုပ်ဆောင်ရမှာပါ။

 

Portfolio

Company တစ်ခုရဲ့စွမ်းရည်ကိုကြည့်ဖို့ Portfolio ကိုကြည့်တာကအကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ့။ ဒါမှသာ အဲဒီ Company ကဘာတွေလုပ်နိုင်လဲဆိုတာ သိနိုင်မှာဖြစ်ပါတယ်။

 

Where Is The Office?

သင်ရွေးချယ်လိုက်တဲ့ Company ကဘယ်မှာရှိလဲဆိုတာသေချာအောင်လုပ်ပါ။လိုအပ်ပါက သူတို့အဖွဲအစည်းကလူတွေနဲ့တွေ့ဆုံပါ။ ဒါက လိမ်လည်မှုနဲ့ ကင်းကွာစေနိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ့။

 

Customer Service

ဒါကလည်းအရေးကြီးဆုံးအပိုင်းပါပဲ့။ Service ညံတဲ့ Company နဲ့တွေ့ပြီဆိုရင် သင့်ပြောသမျှ Problems တွေကို ဘယ်လိုမှဖြေရှင်းပေးမှာမဟုတ်ပါဘူး။ ဟိုလူလွဲ ဒီလူလွဲနဲ့ ဘော်လီဘော ပုတ်နေရင်းနဲ့ သင့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကုန်စေပါတယ်။ဒါကြောင့် Customer Services ကောင်းတဲ့ Company ကိုရွေးချယ်တာကလည်းမှန်ကန်တဲ့ရွေးချယ်မှုပါ။

 

Testimonials & References

Customer တွေရဲ့ရင်ထဲက စကားသံတွေပါပဲ့။ အရမ်းကိုကောင်းတဲ့ ဝန်ဆောင်မှုပါ ။ ပြသာနာတွေကိုချက်ချင်းဖြေရှင်းပေးတယ် ။အကောင်းဆုံး Design တွေကို စိတ်တိုင်းမကျချင်း စိတ်ရှည်စွာနဲ့ပြန်လုပ်ပေးတယ်။ အာမခံတယ်ဆိုတဲ့ စကားတွေကလည်း သင်ယုံကြည့်ရလောက်တဲ့ Company တစ်ခုဖြစ်လောက်ပါပြီ။

 

Price

အပေါ်ကအချက်တွေကိုက်ညီမှုရှိရင်တောင် Price ကိုတော့သင့်အနေနဲ့စဉ်းစားရမှာပါ။ website တစ်ခုလုပ်ဖို့ ပိုက်ဆံ ငါးသိန်းလောက်ရင်းလိုက်တယ် ဒါပေမယ့် စီးပွားရေးလုပ်ငန်းအတွက်အထောက်အကူမဖြစ်လာဘူး။ ဘာမှမထူးလာဘူး ဒါမှမဟုတ် နှစ်သိန်းလောက်ပဲ့ရင်းလိုက်တယ် Customer နည်းနည်းလေး ပိုပြီးရလာတယ်ဆိုရင် ဘာလို့ ငါးသိန်းတန် Company ကိုရွေးမလဲ။ နှစ်သိန်းနဲ့အလုပ်ဖြစ်တဲ့ Company ကိုပဲ့ရွေးချယ်လိုက်ပါ။

ကုန်သွားတဲ့ပိုက်ဆံနဲ့ ကိုယ့် စီးပွားရေးအတွက်အထောက်အကူဖြစ်အောင်လုပ်ပေးမယ့် Company မျိုးကိုရွေးချယ်သင့်ပါတယ်။ နောက်ပြီး Google မှာလည်းရှာလိုက်ရင် ကိုယ့်ရေးထားတဲ့ဆိုက်က အရှေ့ဆုံးတက်လာတာမျိုးကိုလည်းသတိထားရပါမယ်။ဒါမှသင့် Customer တွေက သင့်လုပ်ငန်းကိုမြင်ပြီး ဆက်သွယ်ကြမှာပါ။

 

Thanks for reading.

Ref: outerboxdesign.com

Ref-img: wayfresh.co.uk

 

Previous Post Next Post

You Might Also Like

No Comments

Leave a Reply