creative service

Web Developing

Development/Design

Professional Web development
and design for you!

Web Developing

Quality Training

We ensure to understand
about the subjects.

Trip
Web Developing

Security Pentesting

Perfect security checks
& solutions for enterprise.

Web Developing

Domain/Hosting

Affordable domain registeration
for your hosting.

100% Satisfication

Het wai yan aung

Htet Wai Yan Aung

ဒီသင်တန်းကို Facebook ကြော်ငြာမှာ စတွေ့ကတည်းက တက်ချင်နေခဲ့တာ။ Checkbox မှာ သွားစုံစမ်းပြီး အချိန်အခက်ခဲကြောင့်ကျနော်မတက်ဖြစ်ခဲ့ဘူး။ တကယ်တန်းစတက်တော့လည်း စတက်တဲ့နေ့မှာပဲ့ ပျော်နေခဲ့တာ။ ဝါသနာတူ ညီအစ်ကိုတွေနဲ့လဲတွေ့တော့ ပိုပျော်ရတာပေါ့ဗျာ။ သင်ပေးတဲ့ ကိုရု ကလဲ သဘောကောင်းပါတယ်။ Tutorials တွေအပြင် တခြား Real World က အဖြစ်များတဲ့ vul တွေပါ စမ်းပြတော့ ကျနော်တို့အတွတ် ပညာတော်တော်ရတာပေါ့။ ကိုရု က အတန်းထဲမှာ တချို့ အကိုတွေဆို နားမလည်တာကို စိတ်ရှည်ရှည်နဲ့ အကြာကြီး သေချာနားလည်အောင် ရှင်းပြနေတာကို ကျနော် သဘောအကျဆုံးအချက်တစ်ချက်ပဲ့။သေချာတဲ့ အချက်တစ်ချက်ကတော့ ကျနော်ကတော့ ကိုရုလို စိတ်ရှည်မှာမဟုတ်ပါဘူး။ အဆင်မပြေတာဆိုတာကို မရှိသလောက်ပါပဲ့။ သင်ကြားရေးမှာ Attack and Defence ပိုင်းပါသင်ကြားပြသပေးတော့ ပိုအဆင်ပြေတာပေါ့။တကယ်လို မိတ်တွေက Web အပိုင်းကိုလိုက်မယ်ဆိုရင် Security အပိုင်းကလဲ မသိမဖြစ်ဆိုတော့ ဒီအတန်းကို တတ်တော့မှ တော်တော်မျက်စိပွင့်၊နားပွင့်ဖြစ်လာခဲ့တာ။ သင်ကြားပေးတဲ့ ကိုရု ကို အားအကျဆုံးပဲ့ ။ သင်တန်းကောင်းဆိုတာ တကယ်အာမခံပါတယ်ဗျာ...

nyan lin htike

Nyan Lin Htike

ဒီသင်တန်းက Web Security ပိုင်းနဲ့ပတ်သက်ရင် တက်သင့်တဲ့ သင်တန်းတစ်တန်းပါ။ Website တစ်ခုရဲ့ အလုပ်လုပ်ပုံတွေ ဘယ်နေရာမှာ ယိုပေါက်တွေရှိတာ၊ဘယ်နေရာကနေထိုးဖောက်ဝင်ရောက်လို့ရတာ စတာတွေကို အသေးစိတ်သင်ကြားပေးတယ်။ ပြီးတော့ Developer များအတွက်ပါအသုံးဝင်ပါတယ်။ သင်တဲ့နေရာမှာလည်း စေတနာအပြည့်နဲ့ တစ်ကယ့်ကို familiar ဖြစ်ပါတယ်။ Theory တွေ၊ Practical တွေကို example လုပ်ပြပြီးရင် Labs တွေကဖြေခိုင်းသေးတယ်။ ဖြေနိုင်ရင် လက်ဖက်ရည်တိုက်မယ်ဆိုလားပဲ။ :3 ကျွန်တော်လဲ အရင်က Web ပိုင်းနဲ့ပတ်သက်ရင် သိပ်မသိခဲ့ပါဘူး။ ဒီသင်တန်းတက်ပြီးတော့ web ပိုင်းနဲ့ပတ်သက်ရင် သိသင့်သလောက်တော့ သိခဲ့ပါပြီ။ Beginner ကနေ Advence လမ်းကြောင်းပေါ်ရောက်အောင်သင်ပေးပါတယ်။ ကျွန်တော့်ကို web အပိုင်းနဲ့ ပတ်သက်လို့ ဘယ်သင်တန်းတက်ရမလဲဆိုရင် Creatigon ကိုပဲ recommend ပေးချင်ပါတယ်။

su win phyu

Su Win Phyu

Cyber Security ပညာရပ်ရဲ့အခြခံသဘောတရားကို သေချာရှင်းပြပြီး attacking ကိုရှုထောင့်ပေါင်းစုံကနေ စဉ်းစားတတ်အောင် သင်ပေးပါတယ်။ Defense လုပ်ရမည့် နည်းလမ်းကိုလည်း တခါတည်းရှင်းပြပေးတဲ့အတွက် developer တွေအနေနဲ့လည်း လေ့လာသင့်တဲ့သင်တန်းတစ်ခုပါ။ သင်တန်း courses များကိုလည်း up to date ဖြစ်အောင် အမြဲ ပြောင်းလဲသင်ပေးပါတယ်။ သင်တန်း ကာလ ၃လ အတွင်း တစ်ရက်စာ စာသင်ချိန်များတဲ့အတွက် တတ်နိုင်သလောက် သင်တန်းမပျက်သင့်ပါ။ သင်တန်းပျက်ကွက်ပါက အစားပြန်သင်ပေးပါတယ်။ ဒီသင်တန်းကို တက်ရန် အနည်းဆုံး web အခြေခံသဘောတရား သိမှသာ တက်သင့်ပါတယ်။ security ပညာရပ်ဟာ ကျယ်ပြန့်တဲ့အတွက် စလေ့လာတဲ့အခါ သင်ခန်းစာတိုင်းမှာ challenges အမျိုးမျိုးနဲ့တွေ့ရမှာပါပဲ။ စိတ်ဓာတ်မကျပဲ အဆုံးထိ လေ့လာဖို့လည်း လိုအပ်ပါတယ်။ သင်တန်းချိန် အနည်းဆုံး ၄နာရီအတွင်း လေ့လာစရာ သင်ခန်းစာများတဲ့အတွက် မမှတ်နိုင်ဖြစ်လာခဲ့လျှင်လည်း မစိုးရိမ်ပါနဲ့ သင်တန်းသားတစ်ဦးချင်းစီကို နားလည်အောင် သေချာပြန်ရှင်းပြပါတယ်။ web security ပိုင်းကို စိတ်ဝင်စားသူများ လက်မလွတ်သင့်တဲ့ သင်တန်းတစ်ခုပါ။ နှစ်ကာလများစွာ လေ့လာထားတဲ့ knowledge များကို ပညာကုန် sharing လုပ်ပေးတဲ့ အကို Ko Min Ko Ko ကိုလည်း ကျေးဇူးတင်ပါတယ်။

nyan htet kyaw

Nyan Htet Kyaw

ကျွန်တော်တို့နိုင်ငံမှာ Cyber Security နဲ့ပတ်သတ်ပြီး တကယ်ကိုတန်ဖိုးရှိတဲ့သင်တန်းတခုလို့ထင်မိပါတယ်။ စေတနာအရင်းခံနဲ့ သင်ကြားပေးသလို သင်တန်းကြေးထက်အဆမတန် တန်ဖိုးရှိတဲ့ knowledge တွေပေးပါတယ်။ သင်တန်းမတက်ခင်က Cyber Security နဲ့ပတ်သတ်ပြီး မသိခဲ့ပေမယ့် Professional တစ်ယောက်ဖြစ်နိုင်တဲ့အထိ အခြေခံ Basic concept ကိုလည်း သေချာသင်ကြားပေးပြီး Tools မပါပဲ Manual နဲ့လုပ်နိုင်အောင်ကို စိတ်ရှည်ရှည်နဲ့ရှင်းပြသင်ကြားပေးပါတယ်။ Local host & live (extranel sites) လက်တွေ့သင်ကြားပေးတဲ့ သင်တန်းတခုဖြစ်တဲ့အတွက် Cyber Security ကိုစိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမတွေ တက်ရောက်သင့်တဲ့သင်တန်းတစ်ခုဖြစ်ပါတယ်။ ထို့အပြင် မိမိကိုယ်တိုင် testing လုပ်တဲ့အချိန်အခက်အခဲတွေရှိရင်လဲ မေးမြန်းခြင်းကို စိတ်ရှည်ရှည်နဲ့ပြန်ဖြေပေးတဲ့အတွက် ကိုယ်တိုင် testing လုပ်ဖို့အဆင်ပြေအောင် အများကြီးကူညီပေးပါတယ်။ စေတနာအပြည့်နဲ့သင်ကြားပေးတဲ့ Ko Min Ko Ko ကိုလည်းကျေးဇူးအထူးတင်ပါတယ်ခင်ဗျ။

Thi Ha Htoo

Thi Ha Htoo

ကျနော်ကတော့ UIT က 4th year ကျောင်းသားတယောက်ပါ။ Creatigon နဲ့ပတ်သက်လို့သူငယ်ချင်းတွေဆီကကြားတာနဲ့တက်ဖြစ်တာပါ။ အစကတော့ဘာရယ်မဟုတ်ပါဘူး ကိုယ်တွေကလဲ sever အပိုင်းကိုလေ့လာနေဆဲမို့ web security လို့ကြားတာနဲ့တက်ဖြစ်တာပါ။ WebSever Admin တစ်ယောက်အတွက် security ကလဲအရေးပါတာကိုး.. Creatigon က website တွေမှာဖြစ်နိုင်တဲ့ vulnerability တွေကိုပြပေးတယ်။သူတို့ကိုယ်တိုင်လဲ labs တွေလုပ်ပြီး attack လုပ်ပြတယ်။ Tool တွေလဲသုံးတတ်မယ်၊ Manual အပိုင်းလဲကျွမ်းကျွမ်းကျင်ကျင်ဖြစ်သွားမယ် Web Developer ပဲလုပ်လုပ် SeverAdmin ပဲလုပ်လုပ်တကယ်ကိုတက်သင့်တဲ့သင်တန်းဖြစ်ပါတယ်။ Attack တွေကိုသိတဲ့အတွက်ကိုယ့် site ရဲ့ security အတွက်လဲပိုစိတ်ချရတာပေါ့ဗျာ Attack ရော Defense ရော ok သွားတာပေါ့။ (သူများတွေကိုလဲ hacker ဆိုပြီးကြွားလို့ရတာပေါ့...ဟဲ..ဟဲ..) တကယ့်လက်တွေ့ဆန်တဲ့သင်တန်းပါ။ ကျနော့်အနေနဲ့ Creatigon မှာတက်ဖြစ်သွားတဲ့အတွက် အများကြီးကံကောင်းပါတယ်။အများကြီးလဲသိလိုက်ရတယ် Teaching Style ကလဲတကယ့် family style ပါ။ ပြီးတော့ founder ကလဲကိုယ့်နဲ့တမြို့ထဲသားဆိုတော့ပို ok တာပေါ့။ အားနာစရာလဲမလိုပါဘူး။ မသိတာရှိရင်လဲစိတ်ရှည်လက်ရှည်ရှင်းပြတယ်။ အဲ..အားလို့ရှိရင်အချိန်ပိုတောင်ခေါ်ပြီးရှင်းပြဦးမှာသင်တန်းသားတွေအနေနဲ့ programming အခြေခံလေးနဲနဲရှိထားရင်သင်ရတာအရမ်းအဆင်ပြေပါတယ်။ မရှိလဲမပူပါနဲ့...အချိန်ယူပြီးရှင်းပြပါလိမ့်မယ်။ ကဲ..ဒါကြောင့်ကိုယ်က Developer ဖြစ်ချင်တယ် Admin ဖြစ်ချင်တယ်ဆိုရင်တော့တကယ်ကိုလက်မလွှတ်သင့်တဲ့သင်တန်းဖြစ်ပါတယ်။

WHY US

Base CTF First Winner Dinner
team creatigon at shwedagon pagoda
creatigon basectf buddy
basectf organization
team at pagoda